တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၁၄

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၂ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်နှင့် ဥတ္တရခရိုင် အတွင်း၌ တရားမဝင်ကျွန်းသစ်(၆ ဒသမ ၀၂၂)တန်နှင့် အခြားသစ်(၁ ဒသမ ၁၇၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၁၆,၀၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စက်တင်ဘာ ၁၂ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့ ကျားကလေး-ဇာသပြင်-မော်လမြိုင်ကားလမ်းအနီး၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုဇွန်တစ်ကောင်ဆီ ဘူး(၃၀၀)၊ Yum Yum ခေါက်ဆွဲခြောက်ထုပ်(၃၀၀၀) အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃,၄၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၁)စီးနှင့် Light Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀,၄၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ စက်တင်ဘာ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တာမွေမြို့နယ် ရွှေဓန ဘေထုပ်ရောင်းဝယ်ရေးဆိုင်၌ စက်မှုကုန်ကြမ်း ဘေထုပ်(၁၃၆)ထုပ်၊ 99 ဘေထုပ် ရောင်းဝယ်ရေးဆိုင်၌ စက်မှုကုန်ကြမ်းဘေထုပ် (၃၀၅) ထုပ်နှင့် မသန်းရွှေ ဘေထုပ်ရောင်းဝယ်ရေးဆိုင်၌ စက်မှုကုန်ကြမ်းဘေထုပ် (၈၄၃)ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၂,၁၀၀,၀၀၀)ကိုလည်းကောင်း၊ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးအား ပဲခူးတိုးဂိတ်အကျော်၌ တားဆီး၍ ရွာသာကြီး Dry Port သို့ ခေါ်ယူစစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Linglong ကားတာယာအလုံး (၁၇၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၆၂၆,၀၂၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်မြို့၊ Zero မိုင်အနီး၌ မြဝတီမြို့မှ ရန်ကုန် မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ Kate Cool Refrigerant (၁၄၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၄၄၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၂,၁၆၆,၀၂၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် စက်တင်ဘာ ၁၃ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖားကန့်မြို့ ဖားကန့်-လုံးခင်းကားလမ်းမအနီး၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ(၁၈၄၅) ဂါလန်၊ ဓာတ်ဆီ (၁၈၄၅)ဂါလန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀,၈၈၅,၀၀၀)နှင့် အဆိုပါ စက်သုံးဆီများတင်ဆောင်လာသည့် SKAT မော်တော် ယာဉ်(၁)စီးနှင့် LIFAN မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၈၈၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ စက်တင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၄)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၅,၈၁၇,၀၉၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ် မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်