တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီ၊ စက်ယန္တရားများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁၂

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၈ ရက်တွင် ကချင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မိုးကောင်းမြို့၊ ကဝါးယံကျေးရွာအနီး၌ ပိုင်ရှင်မဲ့ Kobelco ဘက်ဟိုးယန္တရား (၁၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ Volvo ဘက်ဟိုး ယန္တရား(၆)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ Hyundai ဘက်ဟိုးယန္တရား (၁၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ Sany ဘက်ဟိုး ယန္တရား(၇)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ Cat ဘက်ဟိုး ယန္တရား(၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ Zoommlion ဘက်ဟိုးယန္တရား(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ Sumitomo ဘက်ဟိုး ယန္တရား(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၃၆၀,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေအရ အရေး ယူဆောင်ရွက်လျက်ရှိသည်။

 

ထပ်မံ၍ ဇွန် ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ပေပင်ဆိပ်ကမ်းတွင် တရားမဝင် ဒီဇယ်ဆီ(ချက်ဆီ) တင်ရေယာဉ် (၁)စီး ရောက်ရှိနေကြောင်းသတင်းရရှိသဖြင့် သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ CB တွဲ သံ(၁၇၁၅) ၌ တရားဝင်စာရွက်စာတမ်း အ‌ထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ပြည်တွင်းဖြစ် ပုဂ္ဂလိက ဒီဇယ်ဆီဟုယူဆရသော ချက်ဆီလက်ကျန် (၈၇၆၈)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁,၃၇၆,၀၀၀) ကို လည်းကောင်း၊ အဆိုပါချက်ဆီများ တင်ဆောင်လာသည့် မိုးမြင့်ကြယ် (၈)တွန်းသင်္ဘော(၁)စီးနှင့် CB တွဲရေ ယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၁,၃၇၆,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အပြင် ဇွန် ၁၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာနအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့က ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်နှင့် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်များအတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ်(၀ ဒသမ ၂၁)တန်နှင့် သစ်မာ(၁.၉၉၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၃၄,၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဇွန် ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ရွှေဘိုမြို့၊ စခတ(၈)ပူးပေါင်းစစ် ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Toyota Land Crusier မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ်၃၅,၀၀၀,၀ဝ၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဇွန် ၈ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်နတို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာအမှုတွဲ(၅)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄,၁၅၇,၅၁၀,၈၀၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)