တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

 

 

နေပြည်တော်၊ ဒီဇင်ဘာ ၁၆

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၄ ရက်တွင် မိုးကောင်းမြို့နယ် အောင်မင်္ဂလာကျေးရွာ၌ တရားမဝင် စက်သုံးဆီဓာတ်ဆီ (၂၁) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ်၂၆၉,၇၅၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ဒီဇင်ဘာ ၁၅ ရက်တွင် ဝိုင်းမော်မြို့ အမှတ် (၁) ရပ်ကွက်အနီး၌ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် 25 HP တစ်လုံးထိုး အင်ဂျင် (၃) လုံး အပါအဝင် ဆက်စပ်ပစ္စည်း (၁၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၈၀၀,၀၀၀) ကို မြန်မာ့သတ္တုတွင်းဥပဒေ အရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၆၉,၇၅၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အပြင် ဒီဇင်ဘာ ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Guanzhu Ceramic Tile စတုရန်းမီတာ (၃၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၇၃၇,၆၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် MDF Board ကီလိုဂရမ် (၅၄၀၆၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၂၀၀,၇၁၀) ကိုလည်းကောင်း၊  မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ASUS GAMING LAPTOP နှစ်လုံး အပါအဝင် ကုန်ပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၃၁၆,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် SCANIA Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁,၂၅၄,၃၁၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။

 

mdn

 

ထို့အတူ ဒီဇင်ဘာ ၁၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်၌ အခြားသစ် (၁ ဒသမ ၆၉၉) တန် (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၁၈,၉၈၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။

 

mdn

 

ထို့အပြင် ဒီဇင်ဘာ ၁၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၌ တရားမဝင်ကျွန်းသစ် (၀ ဒသမ ၈၅၁) တန်၊ သစ်မာ (၀ ဒမသ ၁၈၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၁၃,၀၆၀) ကို လည်းကောင်း၊ သာယာဝတီခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၅ ဒသမ ၃၂၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၅၅,၆၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၆၈,၆၆၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ဒီဇင်ဘာ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မှော်ဘီမြို့နယ် ရန်ကုန်-ပြည်လမ်း သန္နေပင် တိုးဂိတ်အနီး၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် (၁၃၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၅၁,၈၀၀) ကိုလည်းကောင်း၊ သာကေတမြို့နယ် ဧရာဝဏ်လမ်း ကျောက်တိုင်မှတ်တိုင်အနီး၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ဂါလန်(၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၄၃၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၅၈၁,၈၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇,၀၉၃,၅၀၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်