တရားမဝင် သစ်မျိုးစုံ၊ ကျောက်စိမ်းအရိုင်းတုံး၊ လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းမျိုးစုံ၊ စကား ပြောစက်နှင့် စကားပြောစက်ဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၂၀

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၉ ရက်တွင်  ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် မူဆယ်ခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ ၊ စွမ်စော်ရပ်ကွက်၊ စွမ်စော်အမှတ်(၅) လမ်းဘေး၌ ရပ်တန့်ထားသော တရုတ်နံပါတ်တပ် ကုန်ပစ္စည်းတင် မော်‌တော်ယာဉ် (၁)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အဝတ်အထည်၊ လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းမျိုးစုံ၊ စကားပြောစက်နှင့် စကားပြောစက်ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁,၁၈၂,၇၂၂)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Dongfeng အမျိုးအစား တရုတ်နံပါတ်တပ် ကုန်တင်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁,၁၈၂,၇၂၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေး‌ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန် မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ အနောက်ပိုင်းတက္ကသိုလ်အဝိုင်းအနီး၌ တရားမဝင် ကျွန်းတံခါးဆိုဒ်စုံ (၁ ဒသမ ၉၁၂၆) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၆၂,၃၁၆)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် ISUZU အမျိုးအစား (၆)ဘီး မော်တော်ယာဉ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁,၂၆၂,၃၁၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့ပြင် ဇူလိုင် ၂၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦး‌ဆောင်သော စစ်ဆေးရေးအဖွဲ့က မုံရွာမြို့နယ်အတွင်း LIFAN အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ သစ်တောဦးစီးဌာန ဦး‌ဆောင်သော စစ်ဆေးရေးအဖွဲ့က ထီးချိုင့်မြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ (၁၆၀ ဒသမ ၀၄၂၄)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၃,၂၀၂,၁၆၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၃,၅၅၂,၁၆၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် မန္တ‌လေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မန္တလေး-ပြင်ဦးလွင် ကားလမ်း၊ မိုင်တိုင် အမှတ်(၁၈)မိုင်၊(၆)ဖာလုံအနီး၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၀၀,၀၀၀)ကိုလည်းကောင်း၊  (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း ရှောင်ကွင်းလမ်း၌ တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံး ဆိုဒ်စုံ (၃၄၄)ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇,၂၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ သယ်‌ဆောင်လာသည့် ဆိုင်ကယ်(၂)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၁၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ် နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

 

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သောအဖွဲ့က ပန်းတောင်းမြို့နယ်အတွင်း Honda Fit  အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေ အရလည်းကောင်း၊ တိုင်းဒေသကြီးသစ်တောဉီးစီးဌာန ဦး‌‌ဆောင်သောအဖွဲ့က သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်နှင့် ဇီးကုန်းမြို့နယ်များအတွင်း၌ တရားမဝင် ကျွန်းသစ် (၄ ဒသမ၄၃၉၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၂၂,၂၀၄) ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၇၂၂,၂၀၄)ကို ဖမ်းဆီးအရေးယူ ‌ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  ဇူလိုင် ၁၉ ရက်နှင့် ၂၀  ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၄)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ်  ၁၈၉,၈၁၉,၄၀၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)