တရားမဝင် သစ်မျိုးစုံ၊ ကျောက်စိမ်းများ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၂၆

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၅ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပန်းဇင်ကျေးရွာ၌ စက်လှေ(၁)စီးပေါ်မှ တရားမဝင် အခြားသစ် (၁၀ ဒသမ ၆၈၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၃၇,၈၈၀)၊ အဆိုပါသစ်များ တင်ဆောင်လာသည့် စက်လှေ(၁)စီးနှင့် ဆက်စပ်ပစ္စည်း (၄)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၆၅၀,၀၀၀)နှင့် ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၌ မော်တော်ယာဉ်(၁)စီး ပေါ်မှ တရားမဝင် အခြားသစ် (၅ ဒသမ ၅၇၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၂,၇၄၄) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Life Fan (၆)ဘီး မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) တို့ကို သစ်တောဥပဒအရလည်းကောင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ လိုင်စင်မဲ့ Honda Wave 110 မော်တော်ဆိုင်ကယ် (၁)စီးနှင့် Honda PCX မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅,၂၀၀,၀၀၀)နှင့် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၌ လိုင်စင်မဲ့ Tena မော်တော်ဆိုင်ကယ်(၁)စီးနှင့် Super Cub မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀,၀၀၀)တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၆၉၀,၆၂၄)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန် ၂၅ ရက်တွင် နေပြည်တော် ကောင်စီတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်နှင့် ဥတ္တရသီရိခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၄၉၅)တန် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၈၈,၇၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။     ထို့အတူ ဇွန် ၂၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင်၊
ကြံခင်းမြို့နယ်၌ တရားမဝင်ကျွန်းသစ် (၀ ဒသမ ၂၈၃)တန်၊ အခြားသစ် (၄ ဒသမ ၁၇၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၇,၈၆၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန် ၂၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆)မိုင်ကျောက်ချော စစ်‌ဆေးရေးစခန်း၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ကျောက်စိမ်းဟု ယူဆရသော လက်ကောက်ကွင်းချော (၁၈၀)ကီလိုဂရမ်နှင့် ပုတီးကုံး၊ ပုတီးလက်ပတ် (၁၅)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၅၂၅,၀၀၀)နှင့် အဆိုပါကျောက်စိမ်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Shwe Kyair Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆,၅၂၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန် ၂၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ကောင်းမှုတော်လမ်းဆုံ၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဖန်ခွက် (၉၆)လုံးပါ (၁၂၆)ဖာ၊ တိရစ္ဆာန်အစာကီလိုဂရမ် (၂၀)  (၁၀၉၄)အိတ်၊ ဟော်လိုပိုက်ချောင်း (၂၇၀၀) ၊ ပန်းကန်ဆိုဒ်စုံ (၇၂၇)ဖာ၊ သံပိုက်အရှည် (၁၂၂၀)ချောင်း အပါအဝင် ကုန်ပစ္စည်း (၂၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၃,၆၆၅,၄၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မုံရွာမြို့၊ ထန်းလေးပင်ကျေးရွာ၊ ချင်းတွင်းမြစ်ဆိပ်အနီး၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ(ချက်ဆီ) (၅၂၅)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၈၈၇,၅၀၀)နှင့် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၂၁၀)ဂါလန် (ခန့်မှန်တန်ဖိုးငွေကျပ် ၂,၁၀၀,၀၀၀)တို့ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၈,၆၅၂,၉၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန် ၂၅ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ တရားမဝင်ကျွန်းသစ် (၀ ဒသမ ၆၄၄)တန်၊ အခြားသစ် (၂ ဒသမ ၀၅၇) တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၁၅,၃၁၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဇွန် ၂၅ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၂)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁၈,၃၉၀,၃၉၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ မှသိရသည်။

သတင်းစဉ်