တရားမဝင် သစ်မျိုးစုံ၊ ခဲသတ္တု၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ ဆိုင်ကယ်နှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၂၂

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၀ ရက်တွင် တနင်္သာရီ တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့က သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်၊ ကလွင်ကျေးရွာအုပ်စု၊ မြို့ပတ်(၂)လမ်း၊ ရှမ်းချောင်းရပ်ကွက်၊ မေတ္တာရင်အေး ပရဟိတဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌ တရားမဝင် သိုလှောင်သိမ်းဆည်းထားသည့် ခဲသတ္တု (၂၉၀၁) ပိဿာ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၉,၅၅၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူ‌ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဇွန် ၂၀ ရက်တွင် ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူး ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဘုရားကြီးရွှေသံလွင်တိုးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၅,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ ဇွန် ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေး‌ရေးအဖွဲ့က ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်တို့ အတွင်း တရားမဝင် သစ်မျိုးစုံ (၂ ဒသမ ၉၉၁၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ,၆၉၄,၇၃၆) ကို သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ,၆၇၉,၇၃၆) ကို ဖမ်းဆီးအရေးယူ ဆောင် ရွက်လျက်ရှိသည်။

 

ထို့ပြင် ဇွန် ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့နယ်အတွင်း CANDA အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀,၀၀၀)နှင့် Crown အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၂၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  ဇွန်  ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၆,၄၃၄,၇၃၆ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ  သိရသည်။

(သတင်းစဉ်)