တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၆

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၄ ရက်တွင် မကွေးမြို့၊ မြို့အဝင် စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Mazda Light Truck မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)နှင့်  မကွေးမြို့၊ သင်ကြားရေးဆေးရုံလမ်းဆုံ၌ လိုင်စင်မဲ့ Toyota Wish မော်တော်ယာဉ် (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဒီဇင်ဘာ ၅ ရက်တွင် မင်းဘူးမြို့နယ်၊ မိုင်တိုင်အမှတ် (၁၆/၂)အနီး၌ တရားမဝင်အခြားသစ်(၀ ဒသမ ၃၅၄)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀,၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၀၅၀,၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် တိုက်ကြီး မြို့နယ်၊ တဘူးလှဆည်အနီး၌ တရားမဝင်အခြားသစ် (၁၆ ဒသမ ၇၇၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၀,၁၀၀) ကိုလည်းကောင်း၊ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ မိုင်တိုင်အမှတ်(၃၆/၁)အနီး၌ တရားမဝင် အခြား သစ် (၀ ဒသမ ၆၇၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇,၅၄၄)ကိုလည်းကောင်း၊ လှည်းကူးမြို့နယ်၌ တရားမဝင် အခြားသစ်(၁၂ ဒသမ ၆၃၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆,၃၈၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၉၄,၀၂၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် ဒီဇင်ဘာ ၅ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လားရှိုးမြို့နယ်၊ ဆယ်အူကျေးရွာ-မုံးယမ်းလမ်းပိုင်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ် (၇)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသော မော်တော်ဆိုင်ကယ် အင်ဂျင် (၃၇)လုံး၊ Packing Filim (၅၉၀၀)ကီလိုဂရမ်၊ တရုတ်နိုင်ငံထုတ် စားအုန်းဆီ (၂၀)လီတာပါ (၂၆၅)ပုံး၊ ကလေးစီး ရှူးဖိနပ်(၈၃၀)ရန်၊ ပိတ်လိတ်(ဆိုဒ်စုံ)(၁၀၀၀)ကီလိုဂရမ်၊ အစပ်ချောင်း (၂၆၀)ကီလိုဂရမ်၊ ခရီးဆောင် အိတ်အသေး (၄၃)လုံး၊ Food Flavour (အရည်) (၃၀၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၅၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၂,၂၅၉,၁၅၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Ranger Truck (၂)စီး၊ Nissan Condor Truck (၅)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၉၂,၂၅၉,၁၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဒီဇင်ဘာ ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၌ တရားမဝင် အခြားသစ် (၃ ဒသမ ၀၀၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀,၁၈၂)နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၄ ဒသမ ၆၇၈)တန်၊ သစ်မာ (၆ ဒသမ ၆၀၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈၄၇,၉၉၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၅၈,၁၇၂)ကို ဖမ်းဆီးရ မိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်နှင့် ၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၄)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၄,၀၆၁,၃၄၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီမှသိရသည်။

သတင်းစဉ်