တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မေ ၂၁

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မေလ ၂၀ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၃)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် UAE နိုင်ငံထုတ် Borouge Polypropylene (၂၅)ကီလိုဂရမ်ပါ (၂၃၇)အိတ်၊ Lactasoy ပဲနို့ (၃၆၀၀)ဘူး၊ မလေးရှားနိုင်ငံထုတ် Yonde Base Polypropylene (၂၅)ကီလိုဂရမ်ပါ (၁၈၀)အိတ် အပါအဝင် ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂,၅၃၂,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၁)စီး၊ စက်မှု ဇုန်ထုတ် Super Mandalar Truck (၁)စီးနှင့် Pyay Truck(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားခြင်းမရှိသည့် လယ်ထွန်စက်အင်ဂျင်အပိုပစ္စည်း Packing Transmission (၂၀၀)ခု အပါအဝင် ကုန်ပစ္စည်း(၁၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၈၀,၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်တစ်ခုအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် DJI Mavic Mini Drone (၁)စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၈,၁၁၂,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မေ ၂၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံ
တံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် မီးသွေးအိတ် (၂၃၆၄)အိတ်၊ တရုတ်နိုင်ငံထွက် စားတော်ပဲအိတ် (၇၅၀)အိတ်၊ ပဲကြီးအိတ် (၆၈၀)အိတ်၊
နေကြာစေ့ (၁၁၀၀)အိတ်နှင့်
Wipes Tissue (၂၁၀,၀၀၀)ထုပ် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်
၂၈၃,၆၅၇,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက် ရှိသည်။

 

ထို့ပြင် မေ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူး မြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၆၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၈,၈၀၀) ကို လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ သခင်ဖိုးလှကြီးလမ်း၊ ၁၄/၁ စီမံကိန်းရပ်ကွက်ရှိ သစ်ခွဲသား (အဟောင်း)ရောင်းဝယ်ရေးဆိုင်၌ တရားမဝင် အခြားသစ်(၀ ဒသမ ၉၂၇)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၆,၀၇၂) ကိုလည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ ဖလုံ(၂)နယ်မြေ၊ အကွက်အမှတ်(၂၁)အနီး၌ တရားမဝင် အခြားသစ် (၂ ဒသမ ၈၇၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၃,၁၂၃)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၃၇,၉၉၅)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

ထို့ပြင် မေ ၂၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးမြို့အဝင်၊ ကလိစစ်ဆေး ရေးဂိတ်၌ ဘုရားကြီးမြို့မှ ပဲခူးမြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Chaokoh Coconut Cream ပုလင်း (၂၄၀) နှင့် ပုစွန်နှစ်ကောင်စားအုန်းဆီ (၁)လီတာပါ ဘူး (၁၂၀၀) အပါအဝင် ကုန်ပစ္စည်း(၁၀)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၅၆၈,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Daihatsu Hijet (၁)စီးနှင့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀,၅၆၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မေ ၂၀ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၌ တရားမဝင် ကျွန်းသစ် (၂ ဒသမ ၈၇၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၀၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်၍ မေ ၂၀ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၆)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၄,၂၇၉,၉၉၅) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)