တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ 

နေပြည်တော် မေ ၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့များက ဟင်္သာတခရိုင် အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၉၈၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မေ ၄ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ် အ‌ကောက်ခွန်ဦးစီးဌာနမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် မွေတော် ကက္ကူ-ကျောက်တလုံး လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးအား စိစစ်၍ တောင်ကြီး မြို့နယ်အကောက်ခွန်ဦးစီး ဌာနမှူးရုံးသို့ခေါ်ဆောင်ပြီး အသေးစိတ်ဖွင့်ဖောက် စစ်ဆေး ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် Royal Solute Blended Scotch Whisky (၆၀)လုံး အပါအဝင် အရက်မျိုးစုံ (၂၀)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၉,၇၈၈,၀၀၀)ကို လည်းကောင်း၊ ထိုင်းနိုင်ငံထုတ် ကျားစီးဖိနပ် အပါအဝင် ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၉၃၁,၂၀၀)လည်းကောင်း၊ Mind Rice Crispies and Chocolate Flavour (၅၃)ဖာ အပါအဝင် စားသောက်ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၄၉၆,၄၀၀)ကို လည်းကောင်း၊ ဝက်ဝံတံဆိပ် ကျောင်းစိမ်းပုဆိုး ဖာ (၂၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ Imperial Leather ဆပ်ပြာခဲ ဖာ (၂၀၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂,၀၈၀,၀၀၀) ကိုလည်းကောင်း၊ Wai Wai ကြာဇံ ဖာ (၉၀) အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၅၃၀,၀၀၀) ကိုလည်းကောင်း၊ API-Pyrine Foil ဆေးကဒ် (၅၀၀၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၄၈၀,၀၀၀)ကိုလည်းကောင်း၊ Vita Milk ပဲနို့ ပုလင်း (၆၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈၀၀,၀၀၀)ကိုလည်းကောင်း၊ Napoli စီးကရက် ဗူး (၄၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Nissan Diesel Truck မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၃,၁၀၅,၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မေ ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့များက သာယာဝတီခရိုင်
အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၆၇၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၇,၀၈၀)ကိုလည်းကောင်း၊ ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
 
သို့ဖြစ်ပါ၍ မေ ၂ ရက်၊ ၄ ရက်နှင့် ၅ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၃,၈၀၇,၆၈၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်