တရားမဝင် သစ်မျိုးစုံ၊ ရေယာဉ်များ၊ ရေနံထွက်ပစ္စည်းများ၊ စက်သုံးဆီများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

 

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၉ ရက်တွင် တွံတွေးမြို့နယ်၊ တွံတေးတူးမြောင်းအတွင်း၌ တရားဝင်စာရွက်စာတမ်း အ‌ထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဟိန်းစိုး(၇) ရေယာဉ် တစ်စီး၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၃,၂၆၀,၀၀၀)နှင့် ဟိန်းစိုး (၉) ရေယာဉ်တစ်စီး၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၁,၈၅၀,၀၀၀)ကို ပြည်တွင်းရေကြောင်းသွား ရေယာဉ်ဥပဒေအရလည်းကောင်း၊ ဒီဇင်ဘာ ၂၀ ရက်တွင် မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာ၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ(၈၉၀၇)ဂါလံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈,၉၁၆,၀၂၀)နှင့် ဓါတ်ဆီ ဂါလံ (၂၇၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၁၁၅,၀၀၀) ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၁,၁၄၁,၀၂၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

mdn

 

ထို့ပြင် ဒီဇင်ဘာ ၂၀ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ တရားမဝင် အခြားသစ် (၀ ဒသမ ၅၇၇၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၇၃၈) နှင့် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ အခြားသစ် (၁ ဒသမ ၀၂၅) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၁,၂၆၂) တို့ကို သစ်တောဥပဒေအရလည်းကောင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၌ တရားမဝင် ရေနံစိမ်း ဂါလံ (၂၆၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၄၀၀,၀၀၀)၊ ဒီဇယ် ဂါလံ (၁၂,၉၂၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇,၅၂၀,၀၀၀) နှင့် အဆိုပါရေနံစိမ်းနှင့် ဒီဇယ်များတင်ဆောင်လာသည့် Nissan Diesel ဆီဘောက်ဆာယာဉ် သုံးစီး၊ Nissan Diesel Truck နှစ်စီးနှင့် Surf မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၂,၀၀၀,၀၀၀) တို့ကို ရေနံနှင့်ရေနံထွက်ပစ္စည်း ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀,၃၉၁,၀၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ထို့ပြင် ဒီဇင်ဘာ ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကလေးမြို့၊ ကွန်ပျူတာ တက္ကသိုလ်ရှေ့ စုပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် စက်သုံးဆီ ဓါတ်ဆီ ဂါလံ (၃၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁,၄၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၉၂,၉၃၂,၀၂၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

 

သတင်းစဉ်