တရားမဝင် သစ်မျိုးစုံ၊ ထိန်းချုပ်ဓာတုပစ္စည်း၊ စားသောက်ကုန်၊ လူသုံးကုန်၊ လုပ်ငန်းသုံးပစ္စည်း များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၂၇

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၄ ရက်နှင့် ၂၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင်ကျောက်ချောစစ်‌ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေး‌ရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၆၁,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter အမျိုးအစား မော်တော်ယာဉ် (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ ထိန်းချုပ်ဓာတု ပစ္စည်းများဖြစ်သည့် အမိုနီယမ်နိုက်ထရိတ် အိတ်(၄၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan အမျိုးအစား ကုန်တင်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀,၀၀၀,၀၀၀)ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁,၁၆၁,၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက် ရှိသည်။

 

ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ‌ ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၅ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ်(၁)စီးပေါ်၌ တရားဝင်စာရွက် စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ကလေးခေါင်းလျှော်ရည်ဗူးများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၆၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino FWIEXY အမျိုးအစား ကုန်တင်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ ဇူလိုင် ၂၆ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ခရီးသည်တင်မှန်လုံယာဉ်(၁)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်‌ဆောင်လာသည့် Hyundai အမျိုးအစား ဘက်စ်ကား(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅,၆၁၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ဇူလိုင် ၂၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ထီးတန်းဆိပ်ကမ်းကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် လုပ်ငန်းသုံး ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂,၅၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်း စစ်‌ဆေး‌ရေးအဖွဲ့က စစ်ဆေးမှုများ‌ဆောင်ရွက်ခဲ့ရာ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ဆပ်သွားချောင်း၊ ‌ကျောင်းတောင်ရွာအနီး  ဖုန်းဆိုးဆိပ်ကမ်း၌  တရားမဝင် တောင်သရက်ခွဲသား (၅ ဒသမ ၂၁၀၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၄,၇၅၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပ‌ဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

 

အလားတူ ဇူလိုင် ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင် ကာကွယ်တောအတွင်း တရားမဝင် ကျွန်းသစ်နှင့် သစ်မာ(၇ ဒသမ ၄၃၂၀)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၀၃၇,၃၆၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ တိုင်းဒေသကြီး အကောက်ခွန် ဦးစီးဌာန ဦးဆောင်သော စစ်‌ဆေးရေးအဖွဲ့က ဘုရားကြီးတိုးဂိတ်အနီး ရှောင်တခင်စစ်‌ဆေးမှုများ‌ ဆောင်ရွက်နေစဉ် မြဝတီမြို့မှရန်ကုန်မြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ်(၁)စီးပေါ်၌ သွင်းကုန် ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော ဆောက်လုပ်ရေးသုံးပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀,၀၆၄,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲယာဉ်ပါ ISUZU အမျိုးအစား ကုန်တင်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်း အရ လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂,၁၀၁,၃၆၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  ဇူလိုင် ၂၄ ရက်၊ ၂၅ ရက်၊ ၂၆ ရက် နှင့် ၂၇  ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၄)မှု၊ (၃၁၁,၇၃၇,၁၁၆ ခန့်မှန်းတန်ဖိုးငွေကျပ် ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)