တရားမဝင် သစ်မျိုးစုံနှင့် ကုန်တင်ယာဉ် ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၆ ရက်တွင် ချင်းပြည်နယ်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်အတွင်း တရားမဝင် ကညင်ခွဲသား (၀ ဒသမ ၉၀၈၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄,၅၂၁) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဖေဖော်ဝါရီ ၂၇ ရက်တွင် ရှမ်းပြည်နယ်၊ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ်ခွဲသား (ဆိုဒ်စုံ) (၂ ဒသမ ၇၇၄၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၃၂၃,၂၀၀) နှင့် အဆိုပါ သစ်များတင်ဆောင်လာသည့် MITSUBISHI FUSO အမျိုးအစား ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်‌ဖိုး ငွေကျပ် ၅၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၃၂၃,၂၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဖေဖော်ဝါရီ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များမှ သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် သစ်မျိုးစုံ (၄ ဒသမ ၄၅၆၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၆,၃၂၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပ‌ဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မွန်ပြည်နယ်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တော ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သထုံခရိုင်၊ ကျိုက်ထီးရိုး သဘာဝသစ်တော ကြိုးဝိုင်းအတွင်း တရားမဝင်သစ်မျိုးစုံ (၄ ဒသမ ၉၂၄၁) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၆,၅၉၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၉၄၀,၆၃၁) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီမှ သိရသည်။  

သတင်းစဉ်