တရားမဝင် သစ်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်း ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၄

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဇွန် ၃ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ့စက်မှုဆိပ်ကမ်း ကုန်သေတ္တာစခန်း၌ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဌာနခွဲ၊ အကောက်ခွန် စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေငြာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ကလေးတစ်ကိုယ်ရည်သုံး ပစ္စည်းဖြစ်သည့် BABY WIPES (ခန့်မှန်းတန်ဖိုးငွေကျပ် ,၃၂၈,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်း‌ဒေသကြီး သစ်တောဦးစီးဌာန ဦး‌ဆောင်သော ပူးပေါင်းစစ်ဆေး‌ရေးအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၃ ရက်တွင် တောင်ငူခရိုင်အတွင်း တရားမဝင် ကျွန်းသစ် (၇ ဒသမ ၅၄၄) တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၇၅၀,၁၂၀) အားလည်းကောင်း၊ ဇွန် ၄ ရက်တွင် တရားမဝင် ကျွန်းသစ်၊ ထောက်ကြန့်သစ်၊ ဖန်ခါးသစ်၊ ဇင်ပြွန်းသစ်၊ မျောက်ငိုသစ်၊ နဘဲသစ်၊ ပျဉ်းကတိုးသစ် စသည့် သစ်မျိုးစုံ (၁၃ ဒသမ ၉၄၄၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၉၄၃,၄၄၂) ကိုလည်းကောင်း၊ စုစုပေါင်းသစ်မျိုးစုံ (၂၁ ဒသမ ၄၈၈၆)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ,၆၉၃,၅၆၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  ဇွန် ၃ ရက်နှင့် ၄ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၀၂၁,၅၆၂) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်