တရားမဝင် သစ်မျိုးစုံနှင့် မော်တော်ယာဉ်ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဇွန် ၃

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေး‌ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်း တရားမဝင် ကျွန်းတံခါးချပ်၊ ကျွန်းပြတင်းတံခါးနှင့် ကျွန်းတံခါး အပိုင်းအစများ (၀ ဒသမ ၅၁၉၄) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၂,၈၀၄)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့်  မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၅,၃၄၂,၈၀၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ‌ဆောင်ရွက် လျက်ရှိသည်။

 

mdn

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တမူးမြို့နယ် အတွင်း တရားမဝင် အင်ခွဲသား (၀ ဒသမ ၈၀၀၂)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  ဇွန်  ၃ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ နှစ်မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၄၂၂,၈၂၄ ) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်