တရားမဝင်ကျွန်းသစ်၊ သစ်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၃ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၊ အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ကျ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ Hair Dryer (၁၁၄၀) နှင့် ကလေးစီးဖိနပ် အရံ (၅၄၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၈၂၀,၀၀၀)  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးသစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့မှ ရှောင်တခင်စစ်ဆေးရာ လှည်းကူးမြို့နယ်မှ တရားမဝင်ကျွန်းသစ် (၀ ဒသမ ၇၀၄၈) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၁,၄၄၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

အလားတူ ဖေဖော်ဝါရီ ၁၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက သတင်းအရ သွားရောက်စစ်ဆေးရာ သာယာဝတီ၊ တောင်ငူနှင့်ပြည်ခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင်သစ်မျိုးစုံ (၄ ဒသမ ၃၂၉၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၅,၃၆၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃,၇၀၆,၈၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ  သိရသည်။

သတင်းစဉ်