တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၄၇ ဦးကို လစ်ဗျားနိုင်ငံမှ အီဂျစ်နိုင်ငံသို့ နှင်ထုတ်

၁၀ ဒီဇင်ဘာ

 

အမျိုးသမီးများနှင့် ကလေးများ အပါအဝင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၄၇ ဦးကို လစ်ဗျားနိုင်ငံမှ အီဂျစ်နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း လစ်ဗျားနိုင်ငံ၏လူဝင်မှုကြီးကြပ်ထိန်းချုပ်ရေးဌာနက ယမန်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

လစ်ဗျားနိုင်ငံရှိ ထိန်းသိမ်းထားရာစခန်းများတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူပေါင်း ၆၅၀ဝ၀ဝ ကျော်ရှိရာ ၆၀ဝ၀ မှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းက ပြောကြားခဲ့သည်။

 

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအချို့မှာ အာဖရိကနိုင်ငံများမှ အများစုဖြစ်ကြပြီး ၎င်းတို့သည် ၂၀၁၁ ခုနှစ် ခေါင်းဆောင်ဟောင်း မွမ်မာ ကဒါဖီ ပြုတ်ကျပြီးချိန်မှစ၍ ဖရိုဖရဲဖြစ်ခဲ့သည့် လစ်ဗျားနိုင်ငံမှ မြေထဲပင်လယ်ကိုဖြတ်ကျော်ကာ ဥရောပသို့ရောက်ရှိရန် စိတ်အားထက်သန်ကြသည်။

 

လစ်ဗျားလုံခြုံရေးအဖွဲ့များ၏ ဖမ်းဆီးခြင်းခံရသည့် (သို့မဟုတ်) ပင်လယ်ပြင်တွင် ကယ်ဆယ်ခဲ့သည့် ထောင်ချီရှိသော ရွှေ့ပြောင်းနေထိုင်သူများသည် လစ်ဗျားနိုင်ငံရှိ ခိုလှုံရေးစခန်းများတွင် ပြည့်ကျပ်နေသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို