တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၂

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
နိုဝင်ဘာ ၂၁ ရက်တွင် ရခိုင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံတွဲခရိုင်၊ ဂွမြို့နယ်၌ တရားမဝင် အခြားသစ် (၃၉ ဒသမ ၄၉၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၆၀၄,၈၁၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ နိုဝင်ဘာ ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကလေးဝ မြို့နယ်၌ လိုင်စင်မဲ့ RAY-Z မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ နိုဝင်ဘာ ၂၁ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ
ပုဗ္ဗသီရိမြို့နယ်၌ လိုင်စင်မဲ့ Nissan March မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ နိုဝင်ဘာ ၂၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၂)လုံးအတွင်းမှ ပိုင်ရှင်မှ ထုတ်ယူလိုသော ဆန္ဒမရှိသည့် Electric Drill အုတ်ဖောက်စက် (Used) (၁)လုံး အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀,၀၀၀)နှင့် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Toilet Seat Cover (၄၅၅)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၉၅,၀၀၀)ကိုလည်းကောင်း၊ သီလဝါ ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေငြာလွှာတွင် ကြေညာထားခြင်း မရှိသည့် GU Sport တီရှပ် (၂၃၂)ထည်၊ GARNIBO ခေါင်းလျှော်ရည်(၂၄၈)ဘူး အပါအဝင် ကုန်ပစ္စည်း(၁၇)မျိုး (ခန့်မှန်းတန်ဖိုး ၃၂,၁၈၀,၀၀၀)ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြ နိုင်ခြင်း မရှိသည့် ပုစွန်တစ်ကောင် စားအုန်းဆီ (၁၈)လီတာပါ (၁၀၀)ပုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Ballpen (၁၂၀၀၀)ချောင်း၊ Coat Rack Steel အင်္ကျီချိတ် (၂၀)ခုနှင့် Vee Rubber ဆိုင်ကယ်တာယာ (၅၀)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၃၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅,၈၆၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် နိုဝင်ဘာ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လမ်းမတော် မြို့နယ်၊ ဝါးတန်းကုန်စည်ဒိုင်အတွင်းရှိ ဂိုဒေါင်အမှတ် (၅၈)၌ တရားဝင် စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်း မရှိသည့် ပုစွန်နှစ်ကောင် စားအုန်းဆီ (၅)လီတာပါ (၅၅၂)ဘူး၊ (၂)လီတာပါ (၄၈၀)ဘူးနှင့် ပုစွန်တစ်ကောင် စားအုန်းဆီ ၁၈ လီတာပါ (၂၁)ပုံး၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၂၉၄,၀၀၀) ကိုလည်းကောင်း၊ လမ်းမတော်မြို့နယ်၊ ဝါးတန်းဆိပ်ကမ်းရှိ D-2 သိုလှောင်ရုံ၌ တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပုစွန်နှစ်ကောင် စားအုန်းဆီ (၁)လီတာပါ (၂၁၆)ဘူး၊ (၂)လီတာပါ (၁၃၂)ဘူးနှင့် (၅)လီတာပါ (၄၈)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၆၀,၀၀၀)ကို လည်းကောင်း၊ ရွာသာကြီး Dry Port ၌ မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Cream Hardener လုပ်ငန်းသုံးကော် (၅၃၂၀)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၇၂၄,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈,၁၇၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် နိုဝင်ဘာ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် အတွင်း၌ တရားမဝင် ကျွန်းသစ် (၂ ဒသမ ၃၄၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၄,၆၄၀)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၇,၈၀၂,၄၅၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်