တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၂၅

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာဧပြီ ၂၀ ရက်တွင်  ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့က မြဝတီကုန် သွယ်ရေးဇုန်(ပို့ကုန်စစ်ဆေးရေးစင်)အတွင်းသို့ ဝင်ရောက်စစ်ဆေးခံခြင်းမရှိဘဲ အာရှလမ်းမကြီး အတိုင်း ဖြတ်သန်းမောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးအား တားဆီးစစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ပြောင်းဆံ ကီလိုဂရမ် (၁၂၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan UD မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဧပြီ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အင်းစိန်ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့မှ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမပေါ်ရှိ Yangon Petrol စက်သုံးဆီ အရောင်းဆိုင်အနီး၌ မော်တော်ယာဉ်(၄)စီးအား စိစစ်၍ မရမ်းကုန်းမြို့နယ်၊ နာဂသို လှောင်ရုံဝင်း၊ သဇင်ရုံလမ်း၊ ကုန်သွယ်ရေးဂိုထောင်သို့ ပို့ဆောင်ပြီး အသေးစိတ် စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Galvanized Iron Sheet in Coil (၁၀၆,၄၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇,၅၈၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် မော်တော်ယာဉ် (၄)စီးနှင့် နောက်တွဲယာဉ် (၂)တွဲ (ခန့်မှန်းတန်ဖိုး ၁၃၁,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၈,၅၈၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဧပြီ ၂၁ ရက် တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် MITT ဆိပ်ကမ်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ (၁)လုံး အတွင်းမှ သွင်းကုန်လိုင်စင် မရရှိမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိသည့် ရက် (၆၁)ရက်ကျော် လွန်သော H-Beam ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း (၇၉၇,၃၂၅)ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၀၈၈,၃၄၈,၆၂၅)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ဧပြီ ၂၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ရေကြည်မြို့နယ်၊ ကျွန်းချောင်း ချောင်းဘေး အနီး၌ တရားမဝင်သစ်မျိုးစုံ (၈ ဒသမ ၇၄၉)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၁၂,၄၈၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဧပြီ ၂၃ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းတုန်း မြို့နယ်၊ ကြို့ဝကျေးရွာအနီး၌ တရားမဝင်သစ်(၂ ဒသမ ၂၂၆)တန် (ခန့်မှန်းတန်ဖိုး ၁,၁၁၃,၂၀၀)ကို သစ်တော ဥပဒေအရလည်းကောင်း၊ မကွေးမြို့နယ်၊ မကွေးနယ်မြေရဲ စခန်းအနီး၌ တရားဝင်စာရွက်စာတမ်း အ‌ထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုး ၃၀၀,၀၀၀)ကို ပို့ကုန်သွင်း ကုန်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၁၃,၂၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၃၈,၉၅၄,၃၁၁)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်