တရားမဝင်ထီ လောင်းကစားသဖြင့် ဖမ်းဆီးအရေးယူခံရ

ရန်ကုန် ၂ ဖေဖော်ဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ ရဲအုပ်ကျော်ကျော်ဝင်းနှင့်အဖွဲ့သည် ဖုန်းသတင်းဖြင့် တရားမဝင်ထီလောင်းကစားနေကြောင်း သတင်းရရှိသဖြင့် အမှတ် (၉၄) ရပ်ကွက် စီ(၁၁)လမ်း တိုက်(၃၃)နှင့်(၃၅)လမ်းကြားသို့ ဝင်ရောက်ရှာဖွေခဲ့သည်။

 

ယင်းသို့ ရှာဖွေရာ မခင်ဝင်းမာနှင့် မအိအိလွင်တို့နှစ်ဦးကို တရားမဝင်ထီရောင်းချသည့် စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်လောင်းကြေးငွေကျပ် ၁၆၀ဝ၀ တို့နှင့်အတူ ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့သဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲ စခန်းက အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

ကိုကြီးစိုး(ဆိပ်ကမ်း)