တရားဝင် ခွင့်ပြုချက်မရှိဘဲ အရက်များ ဖြန့်ဖြူးရောင်းချနေမှုအား ဖမ်းဆီးရမိ

ပေါင် ၁၂ ဇူလိုင်


ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့တွင် ဇူလိုင် ၁၁ ရက် က  တရားဝင်ခွင့်ပြုချက်မရှိဘဲ အရက်များဖြန့်ဖြူး ရောင်းချနေမှုကို ဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဉ်မှာ ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရဲကင်းစခန်းမှ ရဲအုပ်ရဲလင်းနောင် နှင့်တပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ ဇင်းကျိုက်မြို့၊ ဆားဖိုစုရပ်ကွက်၊ နယ်မြေ  ၂ နေ မခင်သန်းထွေးနေအိမ် ဈေးဆိုင်ကို ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်ဈေးဆိုင်အောက်ထပ်တွင် လိုင်စင်မဲ့ခေါင်ရည်ပုလင်း(၅၀)လုံး၊ ဖန်ခွက်(၃)လုံး၊ အနီရောင်ကော်ပုံး(၁)ပုံးနှင့် ခေါင်ရည်ရောင်းချသော ငွေစက္ကူ ၄၆၅၀ဝိ/- ကျပ်တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။


အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင် ခွင့်ပြုချက်မရှိဘဲ အရက်များ ဖြန့်ဖြူးရောင်းချသူ မခင်သန်းထွေးအား  ပေါင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


ဇင်မျိုးသူ(ပေါင်)