တရုတ်-အာဆီယံ ယူ-၁၂ ပြိုင်ပွဲတွင် မြန်မာအသင်း သရေကျ

၄ သြဂုတ်

၂၀၁၉ တရုတ်-အာဆီယံ ယူ-၁၂ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပွဲဲစဉ်များကို တရုတ်နိုင်ငံ၌ ယနေ့ဆက်လက်ကျင်းပရာ မြန်မာအသင်း သရေပွဲကြုံတွေ့ခဲ့သည်။
မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ပြီး သုံးဂိုးစီသရေကျခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုသုံးပွဲကစားအပြီးတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးထားပြီး လေးမှတ်ရရှိထားသည်။ မြန်မာ ယူ-၁၂ အသင်းသည် အုပ်စု (ခ) တွင် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားတို့နှင့် ကျရောက်နေပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် သြဂုတ် ၅ ရက် နံနက်ပိုင်းတွင် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာ ယူ-၁၂ အသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် အုပ်စုနောက်ဆုံးပွဲမှာ အရေးပါလျက်ရှိသည်။ 

သတင်း-ရဲရင့်ရှိုင်း