တရုတ်၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှစ်ဉီး နယူးယောက်တွင် တွေ့ဆုံဆွေးနွေး

၂၇ စက်တင်ဘာ


ဂျပန်နိုင်ငံသို့ လာမည့်နှစ် တွင် လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင် ၏နိုင်ငံတော်ခရီးစဉ် အောင်မြင်မှု ရှိစေရန်  အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးပွဲတွင် တရုတ်နိုင်ငံနှင့်ဂျပန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ က အတည်ပြုကာ သဘောတူညီခဲ့ကြသည်။


တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမီဆု မိုတီဂီ တို့သည် နယူးယောက်မြို့တွင် ယမန်နေ့ က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။

 

ေ

 


ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမီဆု မိုတီဂီနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းသည့်ဆက်ဆံရေးတစ်ရပ် တည်ဆောင်မည် ဟု  တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ပြောကြားခဲ့သည်။


နှစ်နိုင်ငံဆက်ဆံရေးအခက်အခဲများကို ကျော်လွှားလိုကြောင်း နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ကို အားပေးလုပ်ဆောင်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။


ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမီဆု မိုတီဂီက အမျိုးမျိုးသောကိစ္စရပ်များတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အလုပ်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။


ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို