တရုတ်၊ ဂျပန်နှင့်တောင်ကိုရီးယား နိုင်ငံခေါင်းဆောင်များ သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေး စတင်ကျင်းပ

၂၄ ဒီဇင်ဘာ

တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ခေါင်းဆောင်များသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ယနေ့ဆွေးနွေးပွဲများ စတင်ကျင်းပနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

 

a1

 

၎င်းတို့သည် ကိုရီးယားကျွန်းဆွယ်၏ နျူကလီးယားလျော့ချရေး အပါအဝင် ဒေသဆိုင်ရာကိစ္စရပ်များအပေါ် သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးကြမည်ဟု မျှော်လင့်ရသည်။

 

a2

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ တရုတ်ဝန်ကြီးချုပ် လီခချန်းနှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့သည် စီချွမ်ပြည်နယ် ချန်ဒူမြို့တွင် ယင်းအစည်းအဝေးကျင်းပခဲ့ကြသည်။

ပြီးခဲ့သည့်နှစ်က တိုကျိုမြို့တွင် ၎င်းတို့သုံးဦး တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ယင်းကဲ့သို့ ပထမဆုံး အစည်းအဝေးကျင်းပခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားက သတ်မှတ်ခဲ့သည့် နျူကလီးယားလျော့ချရေး ဆွေးနွေးပွဲ သတ်မှန်ချိန်ကာလ တစ်နှစ်မကုန်ဆုံးမီ အမေရိကန်နိုင်ငံ ၏ ရပ်တည်ချက်အပေါ် မြောက်ကိုရီးယားနိုင်ငံက အမျက်ဒေါသထွက်ခဲ့ပြီးနောက် ထိုသုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ထိပ်သီးအစည်းအဝေး ကျင်းပပြီးနောက် ၎င်းတို့၏ ဆွေးနွေးပွဲရလဒ်ကို ခေါင်းဆောင်သုံးဦးက ပူးတွဲထုတ်ပြန်ကြေညာမည်ဟု မျှော်လင့်ရသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို