တရုတ်-လာအို ပြေးဆွဲသောရထားလမ်းသည် ခရီးသည်ပေါင်း ၁၀ သန်းကျော်အား သယ်ယူပို့ဆောင်ပေးပြီးဖြစ်

ဖေဖော်ဝါရီ ၃

တရုတ်-လာအို ရထားလမ်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက စတင်လည်ပတ်ပြေးဆွဲခဲ့ကာ  ၂၀၂၃ ခုနှစ် ဇန်နဝါရီ  ၃၁ ရက်အထိ ခရီးသည်တင်ရထား ၂၀၀၀၀ ပြေးဆွဲခဲ့ပြီး  ခရီးသည်ပေါင်း ၁၀ ဒသမ ၃ သန်းအား သယ်ယူပို့ဆောင်ပေးခဲ့သည်ဟု ထိုရထားကုမ္ပဏီက ဖေဖော်ဝါရီ ၁ ရက်က ပြောကြားသည်။

တရုတ်နိုင်ငံဘက်ပိုင်းတွင် ထိုရထားလမ်း ခရီးသည် ၈ ဒသမ ၇ သန်းနှင့် နေ့စဉ်ရထားစီးခရီးသည် ၆၅၀၀၀ ရှိပြီး လာအိုနိုင်ငံဘက်ပိုင်းတွင် ခရီးသည် ၁ ဒသမ ၆ သန်းနှင့် နေ့စဉ်ရထားစီးခရီးသည် ၈၈၀၀ ရှိကြောင်း တရုတ်ရထားကူမင်းဂရု့ပ်ကုမ္ပဏီက ပြောသည်။

လာအိုနိုင်ငံတွင် ကနဦး ရထားဘူတာရုံ ခုနစ်ရုံရှိရာမှ ဆယ်ခုအထိ ရှိလာသည်ဟု သိရသည်။

အဆိုပါတရုတ်-လာအို ရထားပြေးဆွဲသည့် ဝန်ဆောင်မှုအရည်အသွေးတိုးတက်လာပြီး လိုက်ပါစီးနင်းသော ခရီးသည်အရေအတွက်မှာလည်း ဆက်လက်တိုးပွားလျက်ရှိသည်။

ထိုရထားလမ်းသည် တရုတ်နိုင်ငံအနောက်တောင်ဘက်ရှိ ယူနန်ပြည်နယ် ကူမင်းနှင့် လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းတို့ကိုဆက်သွယ်ထားခြင်းဖြစ်ပြီး ရထားလမ်းအရှည်သည် ကီလိုမီတာ ၁၀၃၅ ရှိသည်ဟု သိရသည်။

ကိုးကား-ဆင််ဟွာ

ဘာသာပြန်-မြင့်မြင့်ချို