တရုတ် ငလျင်လှုပ်ခတ်မှုအတွင်း ၉ဦး ဒဏ်ရာရ

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၊ ဇီဇောင်ကောင်တီ၊ နီဂျီးယန်မြို့တွင် ယနေ့ နံနက်ပိုင်း ဒေသစံတော်ချိန် ၈ နာရီ ၁၄မိနစ် အချိန်က  ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိ  ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူကိုးဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် လေးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသန္တရ အာဏာပိုင်များက ပြောကြားခဲ့သည်။

 

အဆိုပါ ငလျင်ဒဏ်ကြောင့် အိမ်ပေါင်း ၂၀ကျော် ပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စုပေါင်း ၁၁၉၆၈စုမှာ လျှပ်စစ်ဓာတ်အားများ ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပြီး မိုလ်ဘိုင်းဆက်သွယ်ရေး အခြေစိုက်စခန်း သုံးခုမှာလည်း ပျက်စီးခဲ့သည်။

 

ဒဏ်ရာရရှိသူများအားလုံးကို ဆေးရုံသို့ ပို့ဆောင်းထားကြောင်း နီဂျီးယန်း အရေးပေါ်စီမံခန့်ခွဲရေးဗျူရိုက ပြောကြားခဲ့သည်။

 

mdn

 

ငလျင်ဘေးသင့်သူများ နေရာပြောင်းရွေ့ပေးနိုင်ရန်အတွက် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၊ မီးသတ်သမားများနှင့် ဒေသခံရဲများအပါအဝင် ကယ်ဆယ်ရေးသမား ၂၀ဝ၀ကို အသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ 

 

ဘူမိဗေဒဆိုင်ရာဖွဲ့စည်းပုံနှင့်ဗဟိုချက်ယန္တရားကိုလေ့လာပြီးနောက် အဆိုပါ ဒေသတွင် မကြာခင်ရက်များအတွင်း ငလျင်ကြီးများ မလှုပ်ရှားနိုင်ဟု  ငလျင်ခန့်မှန်းသည့် ပညာရှင်များက ပြောကြားခဲ့သည်။

 

အရှေ့လောင်ဂျီတွဒ် ၁၀၄ဒသမ ၈၂ဒီဂရီနှင့် မြောက်လတ္တီတွဒ် ၂၉ ဒသမ ၅၉ ဒီဂရီကို ငလျင်ကျွမ်းကျင်ပညာရှင်များက စောင့်ကြည့်ခဲ့သည်ဟု ဆိုသည်။

 

အဆိုပါ ငလျင်သည် အနက် ၁၄ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်