တရုတ် တောင်ပိုင်း မိုးသည်းထန်စွာရွာသွန်း ၃၂ ဦး သေဆုံး

၁၂ ဇွန် 

 


တရုတ်နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားကာ လူ ၃၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

 

တရုတ်အစိုးရ၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့က ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကြီးနှင့် ဂျမ်ရှီး ပြည်နယ်တို့ပါဝင်သည့် ဒေသများတွင် ရက်သတ္တပတ်တစ်ပတ်ကြာ မိုးရွာသွန်းခဲ့သည်ဟုဆိုသည်။

 

အချို့နေရာများတွင် မိုးရေချိန်မှာ ၆၀ဝ မီလီမီတာအထက်ရှိကြောင်း ဖော်ပြထားသည်။

 

လူပေါင်း ၁၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး အိမ်ခြေ ၄၅၀ဝ ကျော် ပျက်စီးခဲ့သည်။

 

လူပေါင်း ၂၄၅၀ဝ၀ ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ကြသည်။ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများသည် သောင်တင်နေသောသူများကို ကယ်ဆယ်ရန် ကြိုးစားနေကြကြောင်း သိရသည်။

 

မိုးလေဝသဆိုင်ရာ တာဝန်ရှိသူများက မိုးများရံဖန်ရံခါ ဆက်လက်ရွာသွန်းဖွယ်ရှိပြီး မြစ်ရေလျှံနိုင်ဖွယ်ရှိသည်ဟုဆိုကာ သတိဖြင့် နိုးနိုးကြားကြားနေထိုင်ကြရန် ပြည်သူများကို တိုက်တွန်းပြောကြားထားသည်။

 

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို