တရုတ်အမေရိကန် ကုန်သွယ်စစ်ရဲ့ နောက်ဆုံးလက်နက်ဖြစ်လာတဲ့ ရှားပါးသတ္တု

၂၉ မေ

ကမ္ဘာ့ဈေးကွက်ထဲက ရှားပါသတ္တု ၉၅ ရာခိုင်းနှုန်းလောက်ကို တရုတ်နိုင်ငံထိန်းချုပ်ထားပါတယ်။ အဲဒီရှားပါးသတ္တုဟာ လျှပ်စစ်မီးသီးကနေ ဒုံးကျဉ်တွေ ထုတ်လုပ်တဲ့နေရာအထိ အသုံးဝင်တာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံက ထိန်းချုပ်ထားတဲ့ ရှားပါးသတ္တုဟာ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်အတွက် အင်အားကြီးတဲ့ လက်နက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ရှားပါးသတ္တုမှာ ဒြပ်စင် ၁၇ မျိုးရှိပြီး အဲဒီဒြပ်စင်တွေဟာ နည်းပညာ အဆင့်မြှင့်ထားတဲ့ စမတ်ဖုန်းများ၊ ကင်မရာများ၊ ရုပ်မြင်သံကြားမျက်နှာပြင်နဲ့ ကွန်ပြူတာများ ထုတ်လုပ်ရာတွင် အဓိကအရေးပါတဲ့ ပါဝင်ပစ္စည်းဖြစ်ပါတယ်။ 

 

5000

 

ရှားပါးသတ္တုဈေးကွက်ကို တရုတ်နိုင်ငံက ကြီးစိုးထားတဲ့အတွက် ဝါရှင်တန်ဟာ ရှားပါးသတ္တုအတွက် ဘေကျင်းကို အဓိက မှီခိုနေရပါတယ်။ ဒီအချက်ကို တရုတ်အစိုးရပိုင် သတင်းဌာနက အမေရိကန်ကို ရှားပါးသတ္တု တင်ပို့မှု ရပ်ဆိုင်တာမျိုးကို အကြံပြုထားပါတယ်။ 

အမေရိကန်ပထဝီဆိုင်ရာ သုတေသနအဖွဲ့ရဲ့ သုတေသနပြုချက်အရ အမေရိကန်ဟာ နိုင်ငံတော်တော်များကနေ ရှားပါးသတ္တု တန်ချိန် သန်း ၁၂၀ ကို ဝယ်ယူဖို့ ငွေကြိုပေးထားပြီးဖြစ်ပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံက တန်ချိန် ၄၄ သန်း၊ ဘရာဇီးနဲ့ ဗီယက်နမ်နိုင်ငံတွေကနေ  ၂၂ သန်းစီ ဝယ်ယူဖို့ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ 

ရှားပါးသတ္တု ဈေးကွက်ကို ပြီးခဲ့တဲ့ ရာစုနှစ်များက အမေရိကန်နိုင်ငံက ကြီးစိုးထားခဲ့ပါတယ်။ ၂၀ဝ၃ ခုနှစ်မှာ ကယ်လီဖိုးနီးယားရှိ မောင်တိန်ပတ်စ် သတ္တုတွင်းမှာ စွန့်ပစ်ပစ္စည်းတွေကနေ သတ္တုအဆိပ်ဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးခဲ့ရာကနေ ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။ 

MDN
ကိုးကား - AFP