တရုတ်အရေးနှင့် ပတ်သက်ပြီး အမေရိကန်နှင့် အီးယူတို့ ဆွေးနွေးမည်

၂၆ ဇွန်

 

 

အမေရိကန်ပြည်ထောင်စုနှင့် ဉရောပသမဂ္ဂတို့သည် တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး တရားဝင် ဆွေးနွေးမှု အသစ်ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့သည်။

 

 

အီးယူက တွေ့ဆုံဆွေးနွေးမှုအတွက် အကြံပြုချက်ကို  ကြာသပတေးနေ့အတွင်းက လက်ခံခဲ့ကြောင်း အွန်လိုင်း အခမ်းအနား တစ်ခုတွင် ပွန်ပီယိုက ပြောကြားခဲ့သည်။

 

 

ထိပ်တန်း အရာရှိများ အနေဖြင့် အနောက်နိုင်ငံများအပေါ် တရုတ်၏ ခြိမ်းခြောက်နေမှုများနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

 

 

တွေ့ဆုံဆွေးနွေးမှုသည် ရက်သတ္တပတ် များစွာအတွင်း စီစဉ်မည်ဖြစ်ပြီး ပွန်ပီယိုအနေဖြင့် ဉရောပသို့ သွားရောက်ရန် စီစဉ်ထားလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

အများနှင့်ဆိုင်သော ပြဿနာတစ်ခုမှာ လွတ်လပ်မှုနှင့် ဒီမိုကရေစီကို မည်သို့ထိန်းသိမ်းရမည်ကို ဆိုလိုခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

 

 

အမေရိကန်ပြည်ထောင်စုနှင့် အီးယူသည် တရုတ်ကွန်မြူနစ်ပါတီ၏ ခြိမ်းခြောက်မှုကို နားလည် သဘောပေါက်ခြင်းအားဖြင့် စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ကမ္ဘာကြီးပူနွေးလာမှုကို တားဆီးရန်အတွက် အီးယူသည် တရုတ်နိုင်ငံနှင့်အတူ လက်တွဲ ဆောင်ရွက်လျက်ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့် ဟောင်ကောင်ကို ထိန်းချုပ်ရန်အတွက် တရုတ်၏ ကြိုးပမ်းမှုများသည် ဉရောပကို စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

222