တရုတ်ဆေးဝါး ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ဘေးကင်းလုံခြုံမှု ရှိသည်ဟု ဖိလစ်ပိုင်သမ္မတ ပြောကြား

၁၉ ဇန်နဝါရီ

 

 

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက တရုတ်ဆေးဝါး ကုမ္ပဏီများက ထုတ်လုပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ဘေးကင်းလုံခြုံမှု ရှိသည်ဟု မှတ်ချက်ပြုပြောကြားကာ ထိုကာကွယ်ဆေးများ ဝယ်ယူရန် အစိုးရ၏ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုသွားသည်။

 

 

Sinovac နှင့် Sinopharm ကာကွယ်ဆေးများ အပါအဝင် တရုတ်ကာကွယ်ဆေးများကို အင်ဒိုနီးရှား၊ တူရကီ၊ အီဂျစ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘရာဇီးနိုင်ငံတို့တွင် ကာကွယ်ဆေး ထိုးနှံခဲ့ရာ  ထိုဆေးထိုးနှံမှုနှင့် ပတ်သက်သည့် သေဆုံးမှု သတင်းများ ယခုချိန်အထိ မရှိသေးကြောင်းကို ယမန်နေ့ည ရုပ်မြင်သံကြားသတင်းတွင် ဒူတာတေးက ပြောကြားခဲ့သည်။

 

 

ဒူတာတေးက တရုတ်ကာကွယ်ဆေးများသည် လုံခြုံစိတ်ချရသည်ဟု  ပြီးခဲ့သည့် သီတင်းပတ်ကလည်း ပြောကြားခဲ့သည်။

 

 

ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပမာဏ ၁၄၈ သန်း ဝယ်ယူရန် ကာကွယ်ဆေး ထုတ်လုပ်သူ ခုနစ်ဦးထက် မနည်းတို့နှင့် ဆွေးနွေးခဲ့ကြသည်။

 

 

ယခုနှစ်တွင် လူဦးရေ သန်း ၅၀ မှ သန်း ၇၀ (နိုင်ငံအတွင်းရှိ စုစုပေါင်းလူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်) အထိ ကာကွယ်ဆေး ထိုးနှံရန် ရည်ရွယ်ထားသည်။

 

 

ယမန်နေ့က ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၂၁၆၃ ဦး ရှိကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက သတင်းဖော်ပြခဲ့သည်။ ယင်းကူးစက်မှုသည် နှစ်လကျော်အတွင်း အမြင့်ဆုံး ကူးစက်မှု ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို