တရုတ်ဈေးကွက်၏ ဝယ်လိုအားကောင်းမွန်မှုကြောင့် နနွင်းစိုက်ပျိုးသူများ အဆင်ပြေ

ရေတာရှည်  ၁၆  မတ် 

 

ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသများမှ ထွက်ရှိသော နနွင်းတက်များအား တရုတ်ဈေးကွက်မှ အပတ်စဉ် ပိဿာချိန် ၂ သောင်းခန့်တင်ပို့နေရသည့်အတွက် စိုက်ပျိုးသူများအဆင် ပြေလျက်ရှိကြောင်း သိရသည်။


 
တောင်ပေါ်ဒေသများတွင် နနွင်းတက်များအား နှစ်စဉ် တန်ခူးလနှင့် ကဆုန်လများ၌ စတင်စိုက်ပျိုးကြပြီး တန်ဆောင်မုန်း၊ နတ်တော်လများတွင်စတင်တူးယူရောင်းချကြခြင်း ဖြစ်ကြောင်း ဆင်ဂွေကျေးရွာရှိ နနွင်းတက်အဝယ်ဒိုင်က ပြောပြသည်။

 

“ကျွန်တော်တို့ဝယ်တော့ တောင်ပေါ် တက်ဝယ်ရတာ လိပ်သိုမြို့နယ်ထဲမှာရှိတဲ့ ရွာတွေအားလုံးလိုလိုစိုက်ကြတယ် နနွင်းတက်ကို အစိုးရောင်း တာလည်း ရှိတယ် အခြောက်လှန်းပြီး လာရောင်းတာလည်းရှိတယ် အစိုဆိုရင်တော့ တစ်ပိဿာကို ၃၅၀ ကျပ်၊ အခြောက်ဆိုရင်တော့ ၂၅၀ဝ ကျပ်ဈေးပေါက်တယ် ဒီကိုရောက်လာတဲ့ နနွင်းတက်အစိုအိတ်တွေကိုတော့ နေ့စား ၁၅ ယောက်လောက်ငှားပြီး ရေနွေးနဲ့ပြုတ်၊ နာရီဝက်လောက်နေပြန်ဆယ် အခြောက်လှန်းလုပ်ရတယ်” ဟု လုပ်ငန်းလုပ်ကိုင်သူ ဦးရွှေ က ပြောသည်။

 

ဒေသမှထွက်ရှိသည့် နနွင်းတက်ခြောက်များအား ရွှေလီမြို့ရှိ အဝယ်ဒိုင်များမှ တိုက်ရိုက်လာရောက် ဝယ်ယူခြင်းဖြစ်ပြီး တစ်ပါတ်တစ်ခါ တောင်ငူနှင့်ရေတာရှည် မြို့များမှ ပိဿာချိန်နှစ်သောင်း ဝယ်ယူလျက်ရှိကြောင်း ၎င်းကပင် ဆက်လက်ပြောကြားသည်။ 

 

ကိုလွင်(ဆွာ)