တရုတ်ခရီးသွား ပထမအဖွဲ့ကို ထိုင်းနိုင်ငံ လက်ခံကြိုဆို

 

 

ဘန်ကောက်၊ ဇန်နဝါရီ ၁၀

 

ထိုင်းနိုင်ငံသည်  ဇန်နဝါရီ ၈ ရက်တွင် စတင်အသက်ဝင်ခဲ့သော တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ မဟာဗျူဟာကို ကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်ပြီးနောက် တရုတ်ခရီးသွား ထောင်ပေါင်းများစွာကို မြို့တော်ဘန်ကောက်၌ ကြိုဆိုခဲ့ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး ချန်ဗီရာကူလ်နှင့် အခြားအကြီးတန်း တာဝန်ရှိသူများနှင့်အတူ သုဝဏ္ဏဘုမ္မိလေဆိပ်၌ တရုတ်နိုင်ငံ ရှားမာန်မြို့မှ ရောက်ရှိလာသော ခရီးသွား ၂၆၉ ဦးကို ကြိုဆိုခဲ့ပြီး ပန်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံနှင့် အခြားသော နိုင်ငံများမှ နိုင်ငံတွင်းသို့ ဝင်ရောက်လာသော ခရီးသွားအရေအတွက် မြင့်တက်လာခြင်းက ထိုင်းနိုင်ငံ၏ ခရီးသွား ကဏ္ဍအတွက် အပေါင်းလက္ခဏာဆောင်သည့် သင်္ကေတတစ်ခုဖြစ်ကြောင်း ချန်ဗီရာကူလ်က ပြောသည်။

 

ထိုင်းအစိုးရသည် ယခုနှစ် ပထမသုံးလအတွင်း နိုင်ငံတွင်းသို့ တရုတ်ခရီးသည် ၃၀၀၀၀၀ ခန့် ဝင်ရောက်ရန် ခန့်မှန်းထားသည်။ ဇန်နဝါရီ ၉ ရက်အထိ ထိုင်းနိုင်ငံ သို့ ရောက်ရှိလာသော ခရီးသွားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားသော စာရွက်စာတမ်း အထောက်အထားပြသရန် မလိုအပ်သော်လည်း အာရ်တီ - ပီစီအာရ် စမ်းသပ်မှုလိုအပ်သည့် နိုင်ငံများမှလာသော ခရီးသွားများအနေဖြင့် ထိုင်းနိုင်ငံသို့ မဝင်ရောက် မီ ကိုဗစ်-၁၉ အပါအဝင် ကျန်းမာရေး အာမခံစာရွက် စာတမ်းအထောက်အထား ပြသရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

 

ဆင်ဟွာ