တရုတ်ခရီးသွားတွေ ပြန်ဝင်ဖို့ ခန့်မှန်းချက်နဲ့အတူ မျှော်လင့်ချက်ရောင်ခြည်လင်းလာတဲ့ ထိုင်းနိုင်ငံရဲ့ ခရီးသွားကဏ္ဍ 

လင်းဟန်သစ်

ရာသီဥတုအေးမြပြီး ခရီးသွားခေါင်းလောင်းသံများ တသောသောညံနေသော်လည်း  ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်နဲ့  သုံးနာရီကြာကွာဝေးတဲ့ အပန်းဖြေနေရာတစ်ခုဖြစ်တဲ့ ဂျင်သွမ်ဆင်အပန်းဖြေစခန်းမှာတော့ နိုင်ငံခြားခရီးသွားတွေ နည်းပါးလျက်ရှိပါတယ်။ 

သိုဝှက်ထားတဲ့ ရတနာသိုက်အဖြစ် ဆက်လက်နုပျိုနေဆဲ

၂၀၂၂   ခုနှစ်မှာ     ခြောက်ကြိမ်သာဖွင့်လှစ်ခဲ့တဲ့ အဲဒီ  အပန်းဖြေလယ်တောဟာ  သူ့ရဲ့ရင်သပ်ရှုမောဖွယ်ပန်းခင်းကြီးနဲ့သာမက  ဒေသရဲ့ယဉ်ကျေးမှုတွေ နဲ့ပါ     ခရီးသွားတွေကို   ဆွဲဆောင်လျက်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်   ဇူလိုင်လကတည်းက     နိုင်ငံတကာခရီး သွားတွေအတွက်         ဖွင့်လှစ်ပေးခဲ့သော်လည်း အခုချိန်ထိ   အဲဒီအပန်းဖြေလယ်တောဟာ နိုင်ငံခြား ခရီးသွားတွေအတွက်   သိုဝှက်ထားတဲ့  ရတနာသိုက် တစ်ခုအဖြစ်    ဆက်လက်ကျန်ရှိနေဆဲ   နုပျိုနေဆဲ ဖြစ်ပါတယ်။ 

ဒီနှစ်မှာတော့  ခရီးသွားတွေဟာ အရင်ကထက် တောင်   ပိုလို့နည်းသွားပါပြီ။   မကြာခင်အနာဂတ် ကာလမှာ   ပြန်လည်ဝင်ရောက်လာမယ့်   တရုတ် ခရီးသွားတွေအကြောင်းကြားရတာ စိတ်လှုပ်ရှားမိ ပါတယ်လို့ အပန်းဖြေလယ်တောမှာ  ကော်ဖီရောင်း တဲ့   ဈေးသည်တစ်ဦးဖြစ်သူ   နွိုင်က  ပြောပါတယ်။ သုံးနှစ်နီးပါး  တရုတ်ခရီးသွားတွေမလာရောက်ခဲ့တဲ့ နောက်ပိုင်း တစ်စုံတစ်ယောက်ကပြောလိုက်တဲ့ တရုတ် စကားပြောသံကြားလိုက်ရတယ်ဆိုရင်ပဲ အရမ်းကို စိတ်လှုပ်ရှားရပါတယ်လို့  သူက ဆက်ပြောပါတယ်။ 

တရုတ်ခရီးသွားတွေဖြစ် 

၂၀၁၉ခုနှစ်မှာ  ထိုင်းနိုင်ငံကိုလာရောက်တဲ့ခရီး သွား    သန်း   ၄၀ နီးပါးရဲ့  သုံးပုံတစ်ပုံဟာ တရုတ် ခရီးသွားတွေပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ခရီးသွား ကဏ္ဍက  ဇန်နဝါရီ  ၈  ရက်ကစပြီး  ခရီးသွားတွေ အတွက် သွားလာကန့်သတ်မှုကို  ဖယ်ရှားမယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ ကြေညာချက်ကို ချီးကျူးခဲ့ပါတယ်။
တရုတ်ခရီးသွားတွေပြန်လာမယ်ဆိုတဲ့ ပျော်ရွှင် စရာ ခရီးသွားရာသီစိတ်ခံစားချက်က ခရီးသွားကဏ္ဍ ကို   အားထားမှီခိုနေရတဲ့    ထိုင်းနိုင်ငံအတွက် ဝမ်းသာစရာပါပဲ။   ထိုင်းနိုင်ငံရဲ့   ခရီးသွားနေရာ အများစုဟာ   တရုတ်သင်္ကေတတွေ၊  အထိမ်းအမှတ် တွေနဲ့ ပြည့်နေပါတယ်။ 

ထိုင်းနိုင်ငံ   ဘန်ကောက်ရဲ့          အရှေ့မြောက် ကီလိုမီတာ    ၂၇၀   အကွာမှာရှိတဲ့    သမိုင်းဝင် ပန်းခြံထဲမှာဆိုရင်  အင်္ဂလိပ်နဲ့ တရုတ်လိုရေးထားတဲ့ သင်္ကေတအမှတ်လက္ခဏာတွေရှိပါတယ်။ သီချင်း နားထောင်ဖို့ ကျူအာရ်ကုတ်တွေကိုလည်း   ပန်းခြံ ရဲ့ ကျောက်တုံးတိုင်းလိုလိုမှာ တွေ့ရပါတယ်။

အကောင်းဆုံးပြင်ဆင်ထားရမယ်

ဖီလ်မိုင်သမိုင်းဝင်ပန်းခြံဟာ     ထိုင်းနိုင်ငံရဲ့ ခမာဘုရားကျောင်းအချို့ကို         အကောင်းဆုံး ထိန်းသိမ်းထားတဲ့    နေရာတစ်ခုအဖြစ်     ထူးခြား ထင်ရှားလှပါတယ်။ 

တရုတ်ခရီးသွားတွေအတွက်       လာရောက် လည်ပတ်မှုနည်းတဲ့   နေရာတစ်ခုဖြစ်သော်လည်း ကြွယ်ဝလှတဲ့ယဉ်ကျေးမှုကို     နှစ်သက်မြတ်နိုးတဲ့ ခရီးသွားအဖွဲ့ငယ်လေးတွေလည်း  ရှိမှာဖြစ်ပါတယ်။ မိမိတို့အနေနဲ့ အကောင်းဆုံးလုပ်နိုင်တာကတော့ တရုတ်ခရီးသွားတွေပြန်လာဖို့ကို      အကောင်းဆုံး ပြင်ဆင်ထားရမှာပဲ   ဖြစ်ပါတယ်လို့   အဲဒီပန်းခြံရဲ့ ဧည့်လမ်းညွှန်တစ်ယောက်ဖြစ်တဲ့   ဖွန်က   ပြောပါ တယ်။ တရုတ်နယ်စပ်တွေကို  ပြန်လည်ဖွင့်လှစ်လိုက် တဲ့အတွက် ထိုင်းနိုင်ငံရဲ့ ခရီးသွားအဖွဲ့က ထိုင်းခရီး သွား သုံးသိန်းလောက်  ဒီနှစ်ရဲ့  ပထမသုံးလပတ်မှာ လာရောက်မယ်လို့ မျှော်လင့်ထားပါတယ်။ 

တရုတ်ခရီးသွား   ပထမအသုတ်ဟာ  ဇန်နဝါရီ လလယ်လောက်မှာ  ရောက်မယ်လို့ မျှော်လင့်ထားပါ တယ်။ ဟိုတယ်ဝန်ထမ်း၊  ယာဉ်မောင်းနဲ့  တရုတ်စကား ပြော   ဧည့်လမ်းညွှန်တွေအပါအဝင်      အလုပ်သမား ပြတ်လပ်လာနိုင်မှုအပေါ် မိမိတို့တွေသဘောပေါက် နားလည်ပြီး ပြင်ဆင်ထားကြဖို့လိုပါတယ်။ 

ခရီးသွားကဏ္ဍကိုအရှိန်မြှင့်တင်ဖို့လို 

ဒါ့အပြင် တရုတ်ခရီးသွားတွေဟာ  တရုတ်နိုင်ငံ ကိုမပြန်မီ   ၄၈  နာရီအတွင်း   စစ်ဆေးထားတဲ့ ပီစီအာရ်စစ်ဆေးမှုအဖြေလည်း   လိုအပ်လျက်ရှိပါ သေးတယ်။ ဒါကြောင့်   ဆေးစစ်ရမယ့်နေရာတွေနဲ့ ဆေးရုံတွေကို ပြင်ဆင်ထားဖို့လည်း  လိုအပ်လျက် ရှိတယ်လို့ ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ အုပ်ချုပ် ရေးမှူး ယူတာဆက်ခ်ဆူပါပွန်က ပြောပါတယ်။ 

တရုတ်ခရီးသွားတွေ  ထိုင်းနိုင်ငံကိုပြန်ဝင်ဖို့ အတွက် ခရီးသွားကဏ္ဍကို  အရှိန်မြှင့်ထားဖို့လိုတယ် လို့ ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ထိုင်းနိုင်ငံကို     ပထမဆုံးလာရောက်မယ့် ခရီးသွားတွေဟာ      တစ်ကိုယ်တော်တွေဖြစ်ပြီး သူတို့ဟာ  လေကြောင်းလိုင်းနဲ့  ဟိုတယ်တွေကို အွန်လိုင်းက          ချိတ်ဆက်မှာယူထားကြပါတယ်။ သူတို့ရဲ့ခရီးစဉ်တွေကိုလည်း ခရီးသွားအပလီကေးရှင်း တွေအသုံးပြုပြီး    ဆောင်ရွက်လာကြပါတယ်။

ကမ်းခြေတွေနဲ့   အစားအသောက်တွေကတော့ သူတို့ရဲ့ အကြိုက်ဆုံးတွေဖြစ်ကြပါတယ်။ 

စစ်မှန်တဲ့သဘာဝတရားကို ခံစားနိုင်

အခုလို    နှစ်သစ်ရဲ့     ခရီးသွားကဏ္ဍသစ်မှာ မိမိတို့တွေဟာ  ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသကို ခရီးသွားတွေ ပိုမိုလာရောက်နိုင်အောင် ကောင်းမွန် တဲ့  ခရီးသွားအစီအစဉ်တွေ    လုပ်ဆောင်လျက်ရှိပါ တယ်။ ထိုင်းနိုင်ငံရဲ့  ခရီးသွားဝင်ရောက်မှုနည်းတဲ့ နေရာဟာ သဘာဝအလှတရားတွေနဲ့ လွှမ်းခြုံထား ပြီး ထိုင်းလူမျိုးတွေရဲ့  စစ်မှန်တဲ့ သဘာဝတရားတွေ ကို    ခံစားနိုင်မှာဖြစ်ပါတယ်လို့   ယူတာဆက်ခ်က ပြောပါတယ်။ 

ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့က တရုတ်ခရီးသွား တွေအပေါ်      တင်းကျပ်တဲ့    ကန့်သတ်ချက်တွေ မချမှတ်ဖို့    သက်ဆိုင်ရာ    အဖွဲ့အစည်းတွေကို တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ 

ဒါကတော့ တုတ်တုတ်မောင်းသမားတစ်ယောက် ဖြစ်တဲ့     မက်ခ်က   ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ အုပ်ချုပ်ရေးမှူးရဲ့  ထုတ်ပြန်ချက်ကို သတိတရရှိစေခဲ့ တာပဲဖြစ်ပါတယ်။    တုတ်တုတ်မောင်းသမားဟာ ကိုဗစ်-၁၉ ကပ်ရောဂါ    စတင်ဖြစ်ပွားကတည်းက သူ့ရဲ့အသက်ရှင်သန်မှုအတွက်  ရုန်းကန်လှုပ်ရှားနေရတာဖြစ်ပါတယ်။    နှစ်သစ်ကူးပွဲတော်အခါမှာ လည်း   တော်ဝင်နန်းတော်ရှေ့မှာ   တုတ်တုတ်ကို ရပ်ထားရင်း   ခရီးသည်ကို   တပျင်းတရိ  စောင့်ဆိုင်း နေရပါတယ်။

ခရီးသွားကဏ္ဍမျှော်လင့်ချက်ရောင်ခြည်သန်းလာ 

ဇူလိုင်လက ထိုင်းနိုင်ငံဟာ နိုင်ငံခြားခရီးသွား တွေကို လမ်းပြန်ဖွင့်ပေးပြီးနောက်မှာ ခရီးသွားကဏ္ဍ ဟာ မျှော်လင့်ချက်ရောင်ခြည်အနည်းငယ်သန်းလာခဲ့ပါတယ်။ သို့သော်လည်း     ခရီးသွားလုပ်ငန်း   ပြန်လည်   အရှိန်အဟုန်ကောင်းလာဖို့ဆိုရင်တော့  အချိန်တစ်ခု‌ထိ လိုအပ်နေဆဲရှိပါသေးတယ်။ 
“ကျွန်တော့်အတွက်ကတော့   တစ်ရက်ငှားရင် ဘတ် ၅၀၀ (အမေရိကန် ၁၄ ဒေါ်လာ) လောက်ရပါ တယ်။ တစ်ခါတလေကျတော့လည်း   တစ်ရက်ကို လမ်းကြောင်းနှစ်ကြောင်းလောက် ဆွဲလိုက်ရတယ်” လို့   မက်ခ်က   ပြောပါတယ်။   “ကျွန်တော်တို့တွေ တရုတ်ခရီးသွားတွေပြန်လာတာကို   မျှော်နေကြ တယ်။    သူတို့တွေဟာ    စီးပွားရေးဖွံ့ဖြိုးမှုကို ဆောင်ကြဉ်းလာမယ်လို့   ကျွန်တော်တို့မျှော်လင့် တယ်။   ကျွန်တော်တို့တွေဟာ   တစ်ချိန်တုန်းက ရှုပ်ထွေးစည်ကားလှတဲ့    မြို့တော်ဘန်ကောက် ရဲ့အလှတရားနဲ့   ခရီးသွားတွေ စည်စည်ကားကားလာရောက်လည်ပတ်တဲ့ရက်တွေကို သတိရမိတယ်” လို့ မက်ခ်က ဆက်ပြောလိုက်ပါတော့တယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ယှဉ်တွဲနေထိုင်ရတဲ့ လူနေမှုဘဝဟာ   တကယ်တမ်းတော့ မွန်းကျပ်လှ ပါတယ်။ တစ်ဖက်က   လူနေမှုဘဝမွန်းကျပ်သလို တစ်ဖက်ကလည်း   စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်ပါတယ်။   အရှေ့တောင်အာရှနိုင်ငံ   အတော် များများဟာ   ခရီးသွားကဏ္ဍကရရှိတဲ့   နိုင်ငံခြား ဝင်ငွေအပေါ်မှီခိုနေရပါတယ်။   အခုလို   ကာလမှာ တော့ နိုင်ငံအတော်များများရဲ့ ခရီးသွားကဏ္ဍဟာ ပြန်လည်တိုးတက်ပွင့်လန်းလာဖို့ အရှိန်ယူကြိုးစားရဦးမှာပဲဖြစ်ပါတယ်။            

ကိုးကား - ဆင်ဟွာ