တရုတ်ကင်းလှည့် ရေယာဉ်လေးစင်း ဂျပန်ရေပိုင်နက်အတွင်း ဝင်ရောက်

၉ ဒီဇင်ဘာ

 

 

အရှေ့တရုတ်ပင်လယ်ပြင်ရှိ ဆန်ကာကူ ကျွန်းစုများရှိ ဂျပန်ရေပိုင်နက် အတွင်းသို့ တရုတ်ရေယာဉ်လေးစင်း ဝင်ရောက်လာသည်ဟု ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူများက ဆိုသည်။

 

 

ကမ်းခြေစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူများက ရေပိုင်နက်မှ ထိုရေယာဉ်များ ချက်ချင်းထွက်ခွာရန် သတိပေးနေကြသည်။

 

 

အဆိုပါ ရေယာဉ်များမှာ ယနေ့မနက် ၉ နာရီ ၄၀ မိနစ်မှစတင်ကာ ရေပိုင်နက်အတွင်းသို့ တစ်စီးချင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း ထိုတာဝန်ရှိသူများက ပြောကြားသည်။

 

 

နိုင်ငံ၏ အနောက်-အနောက်မြောက်ဘက် ၁၉ မှ ၂၃ ကီလိုမီတာအကွာ ဂျပန်ရေပိုင်နက်အတွင်း မနက် ၁၀ နာရီက ရွက်လွှင့်နေကြသည်ဟု ၎င်းတို့က ဆိုသည်။

 

 

ထိုကျွန်းစုကို ဂျပန်နိုင်ငံက ထိန်းချုပ်ထားသည်။ တရုတ်နှင့် ထိုင်ဝမ်တို့က ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုသည်။

 

 

နိုင်ငံတကာ ဉပဒေနှင့်သမိုင်းကြောင်းအရ ဂျပန်နိုင်ငံ၏ ပိုင်နက်တစ်ခုဖြစ်သည့် ထိုကျွန်းများကို ဂျပန်အစိုးရက ထိန်းသိမ်းထားသည်။

 

 

၎င်းတို့ အနေဖြင့် ထိုကျွန်းများ၏ အချုပ်အခြာ အာဏာဆိုင်ရာ ကိစ္စရပ်တွင် ပြဿနာမရှိဟု ဆိုသည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို