တရုတ်ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်ကောက်ခံမည့် အစီအစဉ် အောက်တိုဘာလ ၁၅ ရက်သို့ ပြောင်း

၁၂  စက်တင်ဘာ 


အမေရိကန်ပြည်ထောင်စုမှ တရုတ်ကုန်ပစ္စည်းများကို အခွန်တိုးမြှင့်ကောက်ခံရန် စီစဉ်ထားမှုကို ရွှေ့ဆိုင်းရန် သဘောတူညီထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

 

1

 


အဆိုပါ တိုးမြှင့်ကောက်ခံမှုမှာ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့သို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်သွင်းကုန် ဒေါ်လာ ၂၅၀ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများအပေါ် ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။


တရုတ်ပြည့်သမ္မတနိုင်ငံ၏ နှစ် ၇၀ ပြည့် အခမ်းအနား ကျင်းပမည်ဖြစ်သောကြောင့် နောက်ဆုတ်ပေးပါရန် တရုတ်ဒုသမ္မတ လီဟဲက တောင်းဆိုခဲ့ကြောင်း ထရန့်က ပြောကြားခဲ့သည်၊


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်