တရုတ်မိုင်းတွင်း၌ သီတင်းနှစ်ပတ်ကြာ ပိတ်မိခဲ့သည့် မိုင်းလုပ်သား ၁၁ ဦးအား အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့

ပေကျင်း၊ ၂၆ ဇန်နဝါရီ

 

တရုတ်နိုင်ငံအရှေ့ဘက် ရှန်တုန်ပြည်နယ် ကီရှန်ခရိုင် ယန်တိုင်းမြို့ရှိ မိုင်းတွင်းတစ်ခု၌ ဇန်နဝါရီ ၁၀ ရက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားမှုကြောင့် မြေအောက်တွင် မိုင်းလုပ်သား ၂၂ ဦး ပိတ်မိခဲ့ရာ ၎င်းတို့အနက် ၁၁ ဦးကို သီတင်းနှစ်ပတ်ကြာဖြစ်သည့် ဇန်နဝါရီ ၂၄ ရက်တွင် အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး ၁၀ ဦးသေဆုံးကာ တစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

 

မြေအောက်တွင် ရေအလွန်နက်သည့်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ အလွန်ခက်ခဲ့ကြောင်း၊ သို့သော် ပျောက်ဆုံးနေသော မိုင်းလုပ်သားတစ်ဦးအား ရှာဖွေရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ယန်တိုင်းမြို့တော်ဝန် ချဲန်ဖေးက ပြောကြားသည်။

 

အသက်ရှင်လျက်ကယ်တယ်နိုင်ခဲ့သော မိုင်းလုပ်သားများသည် သက်ဆိုင်ရာဆေးရုံများတွင် ဆေးဝါးကုသမှု ခံယူနေကြကြောင်း ချဲန်ဖေးက ပြောကြားသည်။ ထို့အပြင် တာဝန်ရှိသူများသည် သေဆုံးသူများ၏ အချက်အလက်များကို သိရှိနိုင်ရန် ၎င်းတို့၏ DNA စစ်ဆေးမှုကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

တာဝန်ရှိသူများသည် အဆိုပါမိုင်းတွင်း ပေါက်ကွဲမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု အရှိန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- ဂျေတီ