တရုတ်၌ ယာဉ်မတော်တဆမှုကြောင့် ၂၇ ဦး သေဆုံးပြီး ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရ

 

ကွေ့ယန်   စက်တင်ဘာ  ၁၉

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် စက်တင် ဘာ ၁၈ ရက် နံနက်အစောပိုင်းတွင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၂၇ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ထက်မနည်းရှိကြောင်း ဒေသရဲတပ်ဖွဲ့ က ပြောသည်။ ထို့အပြင် တရုတ်နိုင်ငံ၌ အဆိုပါ ယာဉ်တိမ်းမှောက်မှုသည် ယခုနှစ်တွင် လက်ရှိအချိန် အထိ လူသေဆုံးမှု အများဆုံး ယာဉ်မတော်တဆမှုဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဘတ်စ်ကားပေါ်တွင် လူ ၄၇ ဦးပါပြီး ကွေ့ကျိုးပြည်နယ် Sandu Shui ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသရှိ အဝေးပြေးလမ်းပေါ် တွင် တိမ်းမှောက်သွားခြင်းဖြစ် ကြောင်း ပြည်သူ့လုံခြုံရေးဗျူရို အဖွဲ့က ပြောသည်။ ထို့နောက် တွင် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များကို အခင်းဖြစ်ပွားရာ သို့ စေလွှတ်ထားပြီး ထိခိုက် ဒဏ်ရာရရှိသူ ၂၀ ကို ဆေးကုသမှု ပေးလျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် ကွေ့ကျိုးပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှု အချက်အချာနေရာ တစ်ခုအဖြစ် ရှိနေပြီး လွန်ခဲ့သည့် နှစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၀၀ ကျော် ရှိကြောင်း သိရသည်။

 

ဆင်ဟွာ