တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် လမ်းပြိုကျမှုကြောင့် ခြောက်ဦး သေဆုံး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျင်ဟိုင်းပြည်နယ်တွင် ယမန်နေ့က လမ်းပြိုကျမှုတစ်ခု ဖြစ်ပွားရာ ခြောက်ဦးသေဆုံးခဲ့ပြီး အခြားသူ လေးဦး ပျောက်ဆုံးလျက်ရှိပြီး ပျောက်ဆုံးသူများကို ရှာဖွေလျက်ရှိကြောင်း ဒေသန္တရအာဏာပိုင်များက ယနေ့ ပြောကြားခဲ့သည်။

 

နောက်ထပ် ဒဏ်ရာရရှိသူ ၁၆ဦးကိုလည်း ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ပြည်နယ်၏ မြို့တော် ရှီနင်းအရေးပေါ် စီမံခန့်ခွဲရေးဗျူရိုမှ ကျိုရှီရှန်က ပြောကြားခဲ့သည်။

 

ဒဏ်ရာရရှိသူများ၏ အခြေအနေမှာ တည်ငြိမ်လာပြီဖြစ်သည်။

 

Xining ရှိ Nandajie လမ်းအပိုင်းပြိုကျခြင်းဖြစ်ပြီး ပြည်သူများ စီးနင်းလိုက်ပါလာသည့် ဘတ်စ်ကားတစ်စင်းသည် တွင်းထဲသို့ ပြုတ်ကျသွားခဲ့သည်။ အဆိုပါ မတော်တဆမှုမှာ ညနေ ၅နာရီ၃၀မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

 

အဆိုပါ ပြိုကျသည့် လမ်းပိုင်း၏ ဧရိယာမှာ ၈၀ မီတာရှည်လျားသည်။ ယနေ့နံနက်အစောပိုင်းတွင် တွင်းထဲမှ ဘတ်စ်ကားကို ဆယ်ယူလိုက်ပြီဖြစ်သည်။ 

 

mdn

 

အခင်းဖြစ်ပွားရာ နေရာသို့ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၀ဝ၀နှင့် ယာဉ် ၃၀ကို ပေးပို့ကူညီလျက်ရှိသည်။

 

မတော်တဆမှုဖြစ်ပွားရခြင်း အကြောင်းရင်းများကို စုံစမ်းဖော်ထုတ်နေဆဲဖြစ်သည်ဟု ဆိုသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်