တရုတ်နိုင်ငံ ဘတ်စ်ကားမှတ်တိုင်၌ ဓားထိုးခံရမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ဇွန် ၂၈

တရုတ်နိုင်ငံအရှေ့ပိုင်း Suzhou မြို့ရှိ ရဲတပ်ဖွဲ့က ဂျပန်စာသင်ကျောင်း၏ဘတ်စ်ကားမှတ်တိုင်တွင် ဇွန်လ ၂၄ ရက်မွန်းလွဲပိုင်းက ဓားထိုးခံရသော တရုတ်အမျိုးသမီးတစ်ဦး သေဆုံးသွားသည်ဟု ပြောကြားသည်။

Jiangsu ပြည်နယ် Suzhou မြို့ရှိ ထိုစာသင်ကျောင်းမှ ကျောင်းသားများတင်ဆောင်လာသောဘတ်စ်ကားသည် ကားမှတ်တိုင်သို့ရောက်ရှိခဲ့ပြီးနောက် အမျိုးသားတစ်ဦးက တိုက်ခိုက်ခဲ့ရာ ဂျပန်လူမျိုးအမျိုးသမီး၊ ၎င်း၏ကလေးဖြစ်သူနှင့် တရုတ်အမျိုးသမီးတစ်ဦး  စုစုပေါင်းသုံးဦး ဒဏ်ရာရရှိခဲ့သည်။

ဓားထိုးခံရသောတရုတ်အမျိုးသမီးသည်အခြေအနေစိုးရိမ်ရပြီး ဆေးရုံတွင်ကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။ ဒဏ်ရာရရှိသူအခြားနှစ်ဦးမှာမူ အသက်အန္တရာယ်စိုးရိမ်ရမှုမရှိကြောင်း သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို