၇ စက်တင်ဘာ
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ လက္ခဏာ သံသယရှိသူ ထပ်မံတွေ့ရှိခြင်း မရှိကြောင်း ပြည်နယ် ကျန်းမာရေး အဖွဲ့က ယနေ့ ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့တွင် ဆေးဘက်ဆိုင်ရာ လေ့လာတွေ့ရှိမှုအရ ရောဂါရှိသူနှင့် အနီးကပ် ထိတွေ့သူ သုံးဦး ရှိနေကြောင်း ဖော်ပြထားသည်။
ဩဂုတ်လ ၃၁ ရက်နေ့က နောက်ဆုံး တွေ့ရှိခဲ့သော ပြည်ပမှ ပြန်ရောက်လာသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ တစ်ဦးသည် ဆေးကုသမှု ခံယူပြီး ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း ထိုပြည်နယ်က အတည်ပြုသတင်း ထုတ်ပြန်ခဲ့သည်။
ဟူဘေးပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက် အတည်ပြုလူနာ ၆၈၁၃၉ ဦးရှိပြီး ၆၃၆၂၇ ဦးမှာ ဆေးကုသမှု ခံယူပြီးနောက် ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံများမှ ဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။
ထိုပြည်နယ်တွင် ရောဂါကူးစက် ခံရမှုကြောင့် သေဆုံးသူ ၄၅၁၂ ဦး ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို