တရုတ်နိုင်ငံ မြောက်ပိုင်းတွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် ရှစ်ဉီး ဒဏ်ရာရ၊ သုံးဉီး ပျောက်ဆုံး

၂၅ ဇန်နဝါရီ

 

 

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် ဆိပ်ကမ်းမြို့ဖြစ်သည့် ဒါလီယန်းမြို့တွင် ယနေ့ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲခဲ့ရာ ရှစ်ဉီး ဒဏ်ရာရရှိခဲ့ပြီးနောက် သုံးဉီးမှာ ပျောက်ဆုံးနေကြောင်း ဒေသန္တရ အာဏာပိုင်များက ပြောကြားခဲ့သည်။

 

 

ဒါလီယန်းမြို့ရှိ ဂျင်းဇူခရိုင်တွင် ယနေ့ နံနက် ခြောက်နာရီ အချိန်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

 

 

အဆိုပါ ဒဏ်ရာရရှိသူများမှာ မှန်ပြတင်းပေါက် ကွဲစများ ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

 

ကနဉီး စုံစမ်းစစ်ဆေးသည့် ရလဒ်များအရ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် မီးလောင်ပြီး ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်