တရုတ်နိုင်ငံအနှံ့အပြားတွင် အပူလှိုင်းဖြတ်မှု ရှိနေသေးသည့်အတွက် လိမ္မော်ရောင်အဆင့် သတိပေးချက် ဆက်လက်ထုတ်ပြန်

 

ပေကျင်း ဩဂုတ် ၉

 

အပူချိန်မြင့်သော အပူလှိုင်းဖြတ်မှု တရုတ်နိုင်ငံ အနှံ့အပြားတွင် ဆက်လက်တည်ရှိနေသည့်အတွက် လိမ္မော်ရောင်အဆင့် အပူချိန်သတိပေးချက်ကို တရုတ်နိုင်ငံ အမျိုးသားမိုးလေဝသဌာန က ဩဂုတ် ၈ ရက်တွင် ဆက်လက် ထုတ်ပြန်လိုက်ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။

 

ဩဂုတ် ၈ ရက်တွင် နေ့အပူချိန်များသည် စီချွမ်း၊ ချုံကင်း၊ ရှီးအန်းရှီ၊ ရှန်ဒေါင်း၊ ဟီနန်၊ အန်ဟွေး၊ ကျန်းစု၊ ရှန်ဟိုင်း၊ ဟူဘေး၊ ကွေ့ကျိုး၊ ဟူနန်၊ ကျန်းရှီး၊ ရှီကျန်း၊ ဖူကျန်း၊ ကွမ်ရှီး၊ ကွမ်တုံနှင့် ရှီးကျန်းစသည့် ဒေသများတွင် အပူချိန် ၃၅ ဒီဂရီ ဆဲလ်စီးယပ်ကို ကျော်လွန်ဖွယ်ရှိကြောင်းနှင့် ရှီးအန်းရှီ၊ ဟူဘေးနှင့် ချုံကင်း စသည့်ဒေသများတွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်ကို ကျော်လွန်ဖွယ်ရှိကြောင်း အမျိုးသား မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

မြင့်မားသော အပူချိန်အတွင်း အပြင်ထွက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းမှရှောင်ကြဉ်ရန် အဆိုပါဌာနက ပြည်သူများကို အကြံပြုထားသည်။ တရုတ်နိုင်ငံတွင် မိုးလေဝသ သတိပေးချက်စနစ်အတွက် အရောင်ဖြင့်ခွဲခြား သတ်မှတ်သည့် အဆင့်လေးဆင့်ရှိပြီး အနီရောင်သည် အပြင်းထန်ဆုံး သတိပေးချက်ကို ကိုယ်စားပြုပြီး ၎င်းနောက်တွင် လိမ္မော်ရောင်၊ အဝါရောင်နှင့် အပြာရောင်အဆင့် ဟူ၍ရှိကြောင်း သိရသည်။

 

ဆင်ဟွာ