လူဆာကာ   မတ်    ၂၅

တရုတ်နိုင်ငံ၏ အောင်မြင်နေသည့်  ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများအား အာဖရိကနိုင်ငံများက သင်ယူလေ့လာဆောင်ရွက်သင့်ကြောင်း ဇမ်ဘီယာနိုင်ငံမှ စွမ်းအင်နှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူ ဂျွန်စတုံး ချီကွမ်ဒါက ပြောကြားသည်။

တရုတ်နိုင်ငံကဆောင်ရွက်နေသည့် နှစ်ရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  အစီအမံများသည်  မူဝါဒပိုင်းတွင် တိကျမှုရှိသောကြောင့် အောင်မြင်မှုများရရှိနေရာ အာဖရိကနိုင်ငံများက ယင်းအစီအမံများကို အတုယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ကစတင်၍ တရုတ်နိုင်ငံက ဆောင်ရွက်နေသည့် နှစ်ရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အောင်မြင်နေခြင်းသည် လုပ်ငန်းဆောင်ရွက်မှုပိုင်းဆိုင်ရာတွင်  သေချာတိကျမှု၏ ရလဒ်များဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှုကဏ္ဍအတွက် အားဖြည့်ရုံတစ်ခု ဖြစ်လာစေရေး တရုတ်နိုင်ငံ၏ကြိုးပမ်းဆောင်ရွက်မှုသည် နိုင်ငံအတွင်း အရင်းအမြစ်များ တည်ရှိနေမှုနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်မှုတို့ကြောင့် အောင်မြင်မှုရရှိမည်ဖြစ်ပြီး   တရုတ်နိုင်ငံ၏ နည်းပညာဖွံ့ဖြိုးမှုကြောင့် အာဖရိကဒေသအတွက် အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ကြောင်း  ၎င်းက ပြောကြားသည်။ 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ