တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် မက်ခရွန်နှင့် မာကယ် ကူညီမည်

ပေကျင်း   ၂  ဇန်နဝါရီ

တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် ကိုရိုနာ ဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် အခြားနိုင်ငံများနှင့်အတူ အနီးကပ်ပူးပေါင်းလုပ်ဆောင်နေကြောင်း ဇန်နဝါရီ ၂၃ ရက်က အလေးအနက်ထား ပြောကြားလိုက်သည်။

ဇန်နဝါရီ ၂၂ ရက်က တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ကို ဖုန်းဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မက်ခရွန်အနေဖြင့် တရုတ်နိုင်ငံ၏ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို တက်ကြွစွာ ကိုင်တွယ်ဆောင် ရွက်ရာတွင် ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် ပြင်သစ်နိုင်ငံက ဆန္ဒရှိကြောင်းလည်း ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပွားကတည်းက တရုတ်နိုင်ငံသည် ယင်းရောဂါပိုးကို ကာကွယ်တားဆီးနိုင်ရေးအတွက် အစွမ်းကုန်လုပ်ဆောင်ခဲ့သည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ရှင်းလင်းပြောကြားခဲ့သည်။ ထို့အတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကိုလည်း အသိပေးခဲ့သလို အခြားနိုင်ငံများကိုလည်း အသိပေးခဲ့သည်ဟု ဆိုသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်တို့ ဆွေးနွေးကြရာတွင် ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံကို ကူညီပေးရန် အဆင်သင့်ရှိကြောင်း အိန်ဂျလာမာကယ်က ပြောကြားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း အိန်ဂျလာမာကယ်၏ ကူညီမှုအပေါ် ကျေးဇူးတင်စကား ပြောကြားပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင် လုပ်ဆောင်ရန်အတွက်လည်း ကတိကဝတ်ပြုခဲ့သည်။

အင်န်အိတ်ချ်ကေ