တရုတ်နိုင်ငံက အာကာသပတ်ဝန်းကျင်ကို စုံစမ်းထောက်လှမ်းနိုင်ရန် ဂြိုလ်တုသစ်တစ်လုံး လွှတ်တင်

ရှီရွှမ်း ဇွန် ၂၃

 

တရုတ်နိုင်ငံသည် နိုင်ငံအနောက်မြောက်ပိုင်း ရှီရွှမ်းဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ ဇွန် ၂၂ ရက်တွင် အာကသထဲသို့ ဂြိုတုသစ်တစ်လုံး လွှတ်လိုက်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။ ။

 

တီယန်စင်း-1 အမည်ရှိ အဆိုပါဂြိုဟ်တုသည် သယ်ဆောင်ရေးဒုံးပျံ ချွက်ကျို-1A ဖြင့် ဇွန် ၂၂ ရက် နံနက် ၁၀ နာရီ ၈ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး စီစဉ်ထားသည့် ပတ်လမ်းထဲသို့ ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဂြိုဟ်တုကို အာကာသပတ်ဝန်းကျင် စုံစမ်းထောက်လှမ်းခြင်း ကဲ့သို့သော လက်တွေ့စမ်းသပ်မှုများတွင် အဓိကထား အသုံးပြုသွားဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဂြိုဟ်တုလွှတ်တင်မှုသည် ခွါက်ကျို-1A သယ်ဆောင် ရေးဒုံးပျံများ၏ (၁၅) ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း ဂြိုဟ်တု လွှတ်တင်ရေးစင်တာ၏ အဆိုအရ သိရသည်။

 

ဆင်ဟွာ