ပေကျင်း ဇွန် ၁၁
တရုတ်နိုင်ငံသည် ဇွန် ၁၁ ရက်က ဟိုင်နန်ပြည်နယ်ရှိ ဝင်ချန်(Wenchang) အာကာသလွှတ်တင်ရေးစခန်းမှ ဆက်သွယ်ရေးနည်းပညာ စမ်းသပ်ဂြိုဟ်တုအသစ်တစ်စင်းကို အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ ပေကျင်းစံတော်ချိန် ညနေ ၃ နာရီခွဲတွင် Long March-5 ဒုံးပျံဖြင့် လွှတ်တင်ခဲ့သော အဆိုပါဂြိုဟ်တုသည် သတ်မှတ်ထားသော ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့သည်။
အဆိုပါဂြိုဟ်တုကို ဆက်သွယ်ရေးနည်းပညာအသစ်များ အထူးသဖြင့် လှိုင်းနှုန်းမျိုးစုံနှင့် မြန်နှုန်းမြင့်ဆက်သွယ်ရေးစနစ်များကို စမ်းသပ်စစ်ဆေးရန် အဓိကအသုံးပြုသွားမည်ဖြစ်သည်။ ယခုလွှတ်တင်မှုသည် Long March ဒုံးပျံများ အသုံးပြုဆောင်ရွက်ခဲ့သည့် အကြိမ် ၆၅၀ မြောက် မစ်ရှင်လည်းဖြစ်သည်။
ဆင်ဟွာ


