တရုတ်နိုင်ငံက လကမ္ဘာ၏ဘူမိမျက်နှာပြင်ဆိုင်ရာမြေပုံအား ရေးဆွဲထုတ်လုပ်နိုင်ခဲ့

ပေကျင်း   ဇွန်   ၁၀

လကမ္ဘာ၏ဘူမိမျက်နှာပြင်ဆိုင်ရာမြေပုံကို တရုတ်နိုင်ငံက ပထမဆုံးအကြိမ် ရေးဆွဲထုတ်လုပ်နိုင် ခဲ့ကြောင်း    တရုတ်သိပ္ပံပညာဆိုင်ရာအကယ်ဒမီက ပြောကြားသည်။ 

ယင်းမြေပုံသည် ကမ္ဘာပေါ်တွင် ပထမဆုံးရေးဆွဲ နိုင်ခဲ့သည့်       မြေပုံအမျိုးအစားဖြစ်ကြောင်းနှင့်  တရုတ်သိပ္ပံပညာဆိုင်ရာအကယ်ဒမီ၏ ဘူမိဓာတုဗေဒဆိုင်ရာအင်စတီကျုနှင့်       အခြားတက္ကသိုလ်များ က ပူးပေါင်းရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း          သိရ သည်။ 

အဆိုပါမြေပုံရေးဆွဲရန်အတွက်  တရုတ်နိုင်ငံ၏ လကမ္ဘာလေ့လာရေးယာဉ်ချန်အီးမှ သုတေသန ပြုချက်များနှင့်  နိုင်ငံတကာအဖွဲ့အစည်းများမှ သုတေသနပြုချက်များကို မှီငြမ်းကာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

အဆိုပါလ၏ဘူမိမျက်နှာပြင်ဆိုင်ရာမြေပုံအား တရုတ်နှင့်အင်္ဂလိပ်ဘာသာနှစ်မျိုးဖြင့် ရေးဆွဲထုတ် ဝေခြင်းဖြစ်ပြီး စာရွက်တွင်ရေးဆွဲထုတ်လုပ်ခြင်းနှင့်    အီလက်ထရွန်နစ်မြေပုံအဖြစ်လည်း ထုတ်လုပ်ခဲ့ ကြောင်း သိရသည်။ 
တရုတ်နိုင်ငံက လ၏ဘူမိဗေဒမြေပုံကို စကေး ၁:၂၅၀၀၀၀၀ ဖြင့် ကမ္ဘာပေါ်တွင် ပထမဆုံးထုတ်ဝေခဲ့ ခြင်းဖြစ်သည်။  

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ