တရုတ်နိုင်ငံက သီရိလင်္ကာနိုင်ငံအား အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်

ဧပြီ ၂၀

 

တရုတ်နိုင်ငံအစိုးရက သီရိလင်္ကာနိုင်ငံအား နိုင်ငံအတွင်း လတ်တလောအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းတွင် အထောက်အကူဖြစ်စေရန် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ဆုံးဖြတ်ထားသည်ဟု တရုတ်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့က  ပြောကြားသည်။

 

တရုတ်နိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးအခက်အခဲများကို သတိပြုမိကြောင်း သီရိလင်္ကာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းဖြစ်သဖြင့် အဆိုပါနိုင်ငံ၏ လတ်တလောအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရာတွင် အကူအညီဖြစ်စေရန် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ရန် တရုတ်အစိုးရက ဆုံးဖြတ်ခဲ့သည်ဟု ထိုပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

 

သီရိလင်္ကာအစိုးရနှင့်ပြည်သူများအနေဖြင့် ယာယီအခက်အခဲများကို ကျော်လွှားနိုင်ပြီး စီးပွားရေးနှင့်လူမှုရေးတည်ငြိမ်ကာ ဖွံ့ဖြိုးတိုးတက်မှုကိုထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကပြောကြားသည်။

 

သီရိလင်္ကာနိုင်ငံသည် လတ်တလောတွင် နိုင်ငံခြားငွေကြေး၊ လောင်စာဆီနှင့်အခြားသော မရှိမဖြစ်လိုအပ်သောပစ္စည်းများ ရှားပါးကာ ငွေကြေးဖောင်းပွမှုမြင့်တက်နေပြီး ဆိုးရွားသောစီပွားရေးကျပ်တည်းသောကြားကာလတွင် ရောက်ရှိနေသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို