တရုတ်နိုင်ငံကို ဆန်းကြယ်စွာရောက်ရှိလာတဲ့ အဆုတ်ရောင်ရောဂါတစ်မျိုး

ကလျာမိုးမြင့်

တရုတ်နိုင်ငံအလယ်ပိုင်းမှာ ထူးဆန်းတဲ့ အဆုတ်ရောင်ရောဂါတစ်မျိုး ဒေသခံပြည်သူ ၅၉ ဦးအထိ ကူးစက်ဖြစ်ပွားခဲ့ပြီးနောက်မှာ အာဏာပိုင်တွေဟာ နမိုနီးယားရောဂါဖြစ်ပွားလာနိုင်တဲ့ အခြေအနေတစ်ခုကို သတိကြီးကြီးထားပြီး စောင့်ကြည့်နေရပါတယ်။ နိုင်ငံအတွင်းမှာ ယခင်ကဖြစ်ပွားခဲ့ဖူးတဲ့ ဆားစ်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာမှာကို စိုးရိမ်နေရပါတယ်။

 

အာဏာပိုင်တွေ စိုးရိမ်

လာမယ့် ဇန်နဝါရီလနှောင်းပိုင်းမှာ ရောက်ရှိလာတော့မယ့် -နွေဦးပွဲတော်အချိန်ရောက်တဲ့အခါ တရုတ်နိုင်ငံရဲ့ နှစ်သစ်ကူး ပွဲတော်ကျင်းပတော့မှာဖြစ်ပြီး အဲဒီအချိန်ဆိုရင် သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နှစ်သစ်ကူးပွဲတော်ပါဝင်ဆင်နွှဲဖို့ရာအတွက် နေရာအနှံ့ကနေ ၎င်းတို့ရဲ့ ဇာတိနေအိမ်အသီးသီးဆီ ပြန်လာ ကြတော့မှာမို့ ကျန်းမာရေးအာဏာပိုင်တွေက ဒီအတွက်စိုးရိမ် ပူပန်လျက်ရှိပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ အဖျားဝင်တာ၊ အသက်ရှူ ကျပ်တာနဲ့ ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲတဲ့ လက္ခဏာမျိုးတွေ ဖြစ်ပေါ်လာခြင်းရှိမရှိ ဒေသခံတွေအနေနဲ့ ဂရုတစိုက်စောင့်ကြည့်ပြီး နေထိုင်ကြဖို့ သတိပေးထားပါတယ်။

 

အပူချိန်စစ်ဆေး

ဇန်နဝါရီ ၇ ရက်မှာ ဟောင်ကောင်အုပ်ချုပ်ရေးအကြီးအကဲ ကယ်ရီလမ်က ကျန်းမာရေးအာဏာပိုင်တွေဟာ နယ်စပ်နေရာ အားလုံးမှာ စစ်ဆေးစောင့်ကြည့်မှုတွေ အခိုင်အမာ ဆောင်ရွက် နေပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂူဟန်ကနေ ရထားနဲ့ ထွက်ခွာရောက်ရှိလာကြတဲ့ ခရီးသွားပြည်သူတွေ အားလုံးကို လည်း ခန္ဓာကိုယ်အပူချိန် စစ်ဆေးတိုင်းတာမှုတွေ လုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းလောက်မှာ အမျိုးအစားခွဲခြား နိုင်ခြင်းမရှိသေးတဲ့ နမိုးနီးယားရောဂါနဲ့ ဆင်တူတဲ့ အဖျားရောဂါ ကူးစက်ဖြစ်ပွားသူ ၂၇ ဦးကို စတင်တွေ့ရှိခဲ့ရပါတယ်။ အဲဒီလို ဖြစ်ပွားရာကနေ ရက်အနည်းငယ်အကြာမှာကူးစက်ဖြစ်ပွားမှုဟာ ၅၉ယောက်အထိ မြန်မြန်ဆန်ဆန် မြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့် ရောဂါကူးစက်တဲ့လူနာတွေထဲမှာ ခုနစ်ဦးဟာ အရေးပေါ်အခြေအနေဖြစ်နေပြီး ၎င်းတို့ကို တခြားလူနာတွေနဲ့ ရောနှောမှုမရှိစေရအောင်သီးသန့်ထားရှိပြီးကုသမှုပေးနေရတယ် လို့ ဆိုပါတယ်။ လတ်တလောမှာတော့ လူနာတွေ သေဆုံးတယ် ဆိုတဲ့ သတင်းကြားသိရခြင်းမရှိသေးပါဘူး။

 

ခိုင်လုံတဲ့အထောက်အထားမရှိသေး

လက်ရှိ ရောဂါကူးစက်ဖြစ်ပွားမှုတွေနဲ့ ပတ်သက်ပြီး ရောဂါ ဗေဒဆိုင်ရာပညာရှင်တွေက ဆားစ်ရောဂါဖြစ်ပွားနိုင်တဲ့ အလား အလာကို ဖယ်ထုတ်ထားတယ်လို့ အာဏာပိုင်တွေက ဆိုပါ တယ်။ ဆားစ်ဗိုင်းရပ်ဟာ လူကိုသေစေနိုင်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်ဖြစ်ပြီး ၂၀ဝ၂ခုနှစ် နဲ့ ၂၀ဝ၃ ခုနှစ် တို့မှာ နိုင်ငံပေါင်း ၃၇ နိုင်ငံထက်မနည်းကို ကူးစက်ပြန့်ပွားခဲ့ပြီး လူ ၈၀ဝ ကျော်အထိ အသက်ဆုံးရှုံးစေခဲ့ဖူးပါတယ်။ ရောဂါကူး စက်ဖြစ်ပွားမှုဟာဆိုရင်လည်း အစိုးရရဲ့ ဖုံးကွယ်မှုကြောင့် ပိုပြီး အခြေအနေဆိုးရွားခဲ့ရတယ်လို့ သိရှိခဲ့ရပါတယ်။ ။

ဝူဟန်အာဏာပိုင်တွေကတော့ လက်ရှိ ရောဂါကူးစက်မှုမှာ လူအချင်းချင်း ကူးစက်ဖြစ်ပွားတယ်ဆိုတဲ့ တိကျခိုင်လုံတဲ့ သက်သေအထောက်အထား မတွေ့ရှိရဘူးလို့ဆိုပါတယ်။ စုံစမ်း စစ်ဆေးသူတွေကလည်း ယခုဖြစ်ပွားမှုဟာ ကြက်ငှက်တုပ် ကွေးရောဂါဖြစ်ပွားမှု မဟုတ်သလို အရှေ့အလယ်ပိုင်းဒေသ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (Mers)လည်း မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်ခဲ့တာကိုတွေ့ရပါတယ်။

 

ကူးစက်ခံရသည့် လက္ခဏာ

ယခုဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့ ဗိုင်းရပ်ကူးစက်ခံရမှု လက္ခဏာတွေမှာ အဖျားကြီးတာ၊ အသက်ရှူခက်ခဲတာနဲ့ ဓာတ်မှန်ရိုက်ထားတဲ့ အဖြေတွေအရ အဆုတ်နှစ်ခြမ်းစလုံးမှာ ထိခိုက်ဒဏ်ရာဖြစ်တာတွေကို တွေ့ရှိရတယ်လို့ သိရပါတယ်။ ဘယ်လိုလူနာတွေမှာ ဖြစ်ပွားမှုရှိသလဲဆိုတာကို လေ့လာ ကြည့်ပြန်တော့ ရောဂါကူးစက်ခံရသူတွေထဲက လူနာတချို့ဟာ မြို့ထဲက ပင်လယ်စာအရောင်းဆိုင်တွေမှာ အလုပ်လုပ်ကြသူတွေ ဖြစ်တယ်လို့ ကျန်းမာရေးကော်မရှင်က ဖော်ပြထားပြီး ဒီအချက်အရ တိရစ္ဆာန်ကနေ လူကိုကူးစက်ခြင်းဖြစ်နိုင်တယ်လို့ ယူဆရ တယ်ဟုဆိုပါတယ်။

ဈေးထဲက တချို့ဆိုင်တွေမှာ ငှက်တွေ၊ မြွတွေ၊ သမင်တွေ အပါအဝင် သားရဲတိရစ္ဆာန်တွေရောင်းချတာတွေလည်း ရှိနေ တယ်လို့ တရုတ်သတင်းမီဒီယာတချို့က ဖော်ပြကြပါတယ်။ ပင်လယ်စာတွေရောင်းချတဲ့ အဲဒီဈေးကိုတော့ နှစ်သစ်ကူးနေ့ ကတည်းက ပိတ်လိုက်ပါပြီ။

 

အနီးကပ် စောင့်ကြည့်

အနီးအနားမှာရှိတဲ့ ဈေးဆိုင်ပိုင်ရှင်တွေက ရောဂါကူးစက် ဖြစ်ပွားမှုကို စိုးရိမ်တာမှန်ပေမယ့်လည်း ပုံမှန်အတိုင်း ရောင်းစရာရှိတာတွေကိုတော့ ဆက်ရောင်းနေရတာပဲလို့ ပြောကြပါတယ်။ ရောဂါကူးစက်မှာကို ကြောက်ပေမယ့်လည်း နှာခေါင်းစည်းတွေကို ကျွန်မတို့ မတပ်ဆင်ဘူး။ နှာခေါင်းစည်း တပ်တာက လုပ်ငန်းအတွက်အဆင်မပြေဘူး။ ပြီးတော့လည်း ဘာကိုမှ တိတိကျကျပြောနိုင်သေးတာမှ မဟုတ်တာလို့ ပင်လယ်စာရောင်းတဲ့ဈေးအနီးက မျက်မှန်အရောင်းဆိုင်ပိုင်ရှင် အမျိုးသမီး ဟွမ်က ဒီလိုပြောကြားခဲ့ပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ဒီကိစ္စနဲ့ပတ်သက်ပြီး အခြေအနေကိုအနီးကပ်စောင့်ကြည့်နေသလိုတရုတ်အာဏာပိုင်တွေနဲ့လည်း အနီးကပ်ချိတ်ဆက် ဆောင်ရွက်မှုရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ နမိုးနီးယားအဆုတ်ရောင်ရောဂါ သို့မဟုတ် | အမျိုးအမည်မသိရှိရသေးတဲ့ ရောဂါဖြစ်ပွားမှုတစ်ခုခု ဖြစ်နိုင်တဲ့ | အန္တရာယ်ရှိ အခြေအနေမှန်သမျှကို ဆုံးဖြတ်နိုင်ဖို့ သတင်းအချက် အလက် လုံလုံလောက်လောက်မရရှိသေးဘူးလို့ အဖွဲ့ကပြောပါတယ်။

 

အကြောင်းရင်းရှာဖွေ

ဟူဘေးပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ဂူဟန်ဟာ လူဦးရေ ( ၁၀ သန်းကျော် မှီတင်းနေထိုင်ရာ မြို့ပြအချက်အချာနေရာ တစ်ခုပါ။ လက်ရှိမှာ ရောဂါဖြစ်ပွားမှုအခြေအနေနဲ့ ဆက်စပ်ပြီး အနီးကပ်လေ့လာစောင့်ကြည့်နေရတဲ့ သူ ၁၂၀ကို ကျန်းမာရေး အာဏာပိုင်တွေက ရွေးထုတ်ထားတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ က ဆိုပါတယ်။ ဝူဟန်အာဏာပိုင်တွေအနေနဲ့လည်း မြို့တွင်းက မိလ္လာရေဆိုးစနစ်တွေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး အခြေအနေစစ်ဆေးမှုတွေကို လုပ်ဆောင်နေသလို ဗိုင်းရပ်ပေါက်ဖွားရတဲ့ အကြောင်းရင်း ကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေဆဲပါပဲ။

 

အဆိုးဆုံးအတွက် ပြင်ဆင်

ဒေသအတွင်း နေရာတိုင်းမှာရှိနေကြတဲ့ ဒေသခံပြည်သူတွေ အားလုံးဟာ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားရပါတယ်။ ဆားစ်ရောဂါဖြစ်ပွားမှုကို ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့ရဖူးတဲ့

ဟောင်ကောင်မှာဆိုရင် ဈေးဝယ်သူတွေကို နှာခေါင်းစည်းတွေ လိုက်လံဝေငှပေးနေပါတယ်။ မကြာသေးခင်ကမှ ဝူဟန်ကို သွားရောက်ခဲ့ကြတဲ့သူတွေထဲက အဖျားလက္ခဏာရှိတဲ့သူတွေ နဲ့ တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတစ်ခုခု တွေ့ရတဲ့ လူနာ ၂၁ ဦးရှိတယ်လို့ ဆေးရုံသတင်းအရင်းအမြစ် တွေက ဖော်ပြပါတယ်။

အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ စင်ကာပူမှာဆိုရင် ဝူဟန်ကနေ ပြန်ရောက်ရှိလာတဲ့ ခရီးသွားပြည်သူတွေဟာ အပူချိန်စစ်ဆေးမှုခံယူဖို့လိုအပ်နေပြီး ဝူဟန်ကနေပြန်ရောက်လာတဲ့ အသက် သုံးနှစ်အရွယ် တရုတ်မိန်းကလေးငယ်တစ်ဦးကို သီးသန့်ထား ရှိပြီး စစ်ဆေးနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မှာပဲ ၎င်းမှာ ကလေးငယ်တွေဖြစ်လေ့ရှိတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်တဲ့လက္ခဏာမျိုး တွေ့ရတယ်လို့ အာဏာပိုင်တွေ က ပြောခဲ့ပါတယ်။

လတ်တလောမှာတော့ အွန်လိုင်းအင်တာနက်အသုံးပြုသူ တွေက ဒီရောဂါကူးစက်မှုဟာ လူအချင်းချင်းကနေ ကူးစက် ခြင်း ဟုတ်မဟုတ် အာဏာပိုင်တွေက ခိုင်မာသေချာတဲ့အဖြေ တစ်ခု ပေးနိုင်ခြင်း ရှိ မရှိဆိုတာကို မေးခွန်းထုတ်နေကြပြီ ဖြစ်ပါတယ်။

ကိုးကား-သည်ဂါဒီယန်