တရုတ်နိုင်ငံကို တရားခံလွှဲပြောင်းပေးရေး ဥပဒေမူကြမ်းကို ဟောင်ကောင်အုပ်ချုပ်ရေးမှူးက ဖျက်သိမ်းလိုက်ပြီ

၄ စက်တင်ဘာ

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလန်းက တရုတ်နိုင်ငံသို့ တရားခံလွှဲပြောင်းပေးရေး ဥပဒေမူကြမ်းကို ဖျက်သိမ်းပြီးဖြစ်ကြောင်း ဒီကနေ့ ညနေပိုင်းမှာ (ဒေသစံတော်ချိန် ညနေ ၄နာရီ) ထုတ်ပြန်လိုက်ပါတယ်။
 
ဟောင်ကောင်မှာ သုံးလကြာ ဆန္ဒပြနေကြခြင်းဟာ တရုတ်နိုင်ငံကို တရားခံလွဲပြောင်းပေးရေး ဥပဒေမူကြမ်းကို ဖျက်သိမ်းပေးရေးအတွက် ဖြစ်ပါတယ်။ ဆန္ဒပြနေသူတွေက အချက်ငါးချက်ကို တောင်းဆိုနေရာ ဥပဒေမူကြမ်းကို အပြီးတိုင် ဖျက်သိမ်းပေးရေးက အချက်တစ်ချက်အနေနဲ့ ပါရှိကြောင်း သိရပါတယ်။ 

တရားခံလွဲပြောင်းပေးရေး ဥပဒေမူကြမ်းကို ဖျက်သိမ်းလိုက်ခြင်းအားဖြင့် အခြေအနေကို တည်ငြိမ်သွားအောင် လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ the South China Morning Post မှာ ရေးသားထားပါတယ်။ 

MDN
ကိုးကား - AFP