တရုတ်နိုင်ငံမှာ ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် လာမယ့်နှစ်ဆန်းပိုင်းတွင် စတင်မယ်

၁၈ ဒီဇင်ဘာ

 

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ရှီယန်ပြည်နယ်က ကျန်းမာရေး တာဝန်ရှိသူတွေက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို နှစ်ဆန်းပိုင်းမှာ  စတင်မယ်လို့ ပြောပါတယ်။  အစိုးရက ကာကွယ်ဆေးအား တရားဝင်သုံးစွဲခွင့် မပြုသေးပေမယ့် ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူတွေက ကြာသပတေးနေ့က ပြောကြားတာဖြစ်ပါတယ်။

 

 

ကာကွယ်ဆေးအား အရေးပေါ် သုံးစွဲခွင့်ပြုပြီးနောက် ကာကွယ်ဆေး ထိုးပြီးသူ ၁ သန်းနီးပါးရှိကြာင်း၊ အဲဒီသူတွေဟာ နိုင်ငံတကာက ကျောင်းသူကျောင်းသားတွေနဲ့ အစိုးရ အလုပ်သမားတွေ အပါအဝင် ဦးစားပေး အုပ်စုဖြစ်ကြောင်း သိရပါတယ်။

 

 

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ထုတ်လုပ်မှု နောက်ဆုံးအဆင့်သို့ ရောက်နေတဲ့ ဆေး ၅ မျိုးရှိနေပေမယ့် တာဝန်ရှိသူတွေက ဘယ်ဆေးကိုမှ သုံးစွဲခွင့် မပြုသေးသလို နောက်ဆုံး တွေ့ရှိချက်ကိုလည်း ထုတ်ပြန်ခြင်း မရှိသေးတာကို တွေ့ရပါတယ်။

 

 

ကာကွယ်ဆေး အလုံးပေါင်း ၁၁၈,၀၀၀ ပြည်နယ်ကို ရောက်ရှိပြီးဖြစ်ကြောင်းနဲ့ ဖေဖော်ဝါရီ ၅ ရက်မှာ ကူးစက်မှုများတဲ့ သူတွေအား စတင်ထိုးနှံပေးမှာ ဖြစ်ကြောင်းနဲ့ အဲဒီနောက်မှာ ကျန်တဲ့ ပြည်သူတွေကို ထိုးနှံပေးမယ်လို့ ပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။ ပြည်နယ်ကို ရောက်ရှိနေတဲ့ ကာကွယ်ဆေးဟာ ဘယ်ဆေးကုမ္ပဏီက ထုတ်လုပ်ထားတယ် ဆိုတာကို ထည့်သွင်းပြောကြားခြင်း မရှိတာကို တွေ့ရပါတယ်။

 

 

ရှီယန်ပြည်နယ်ဟာ ပြည်နယ်အတွင်း နေထိုင်သူတွေအား ကာကွယ်ဆေးထိုးပေးမယ့် အစီအစဉ် ပထမဆုံး ကြေညာတဲ့ ပြည်နယ်ဖြစ်ပါတယ်။

 

 

အခုသီတင်းပတ်တွေအတွင်း ပိုးကူးစက်သူ အနည်းငယ်ကို ရှီယန်ပြည်နယ်မှာ တွေ့ရပြီး ဒီနေ့ (သောကြာ) နေ့မှာ ပိုးတွေ့ရှိသူ တစ်ဦးရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP